close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

( ဗန်းမောက်မြို့ကို သိမ်းပိုက်ပြီးနောက်တွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ-ပေးပို့)

ဇန်နဝါရီ-၃၀၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမောက်မြို့ပြန်ရဖို့ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ဆက်လက်ထိန်းချုပ်နိုင်ရေး ကာကွယ်နေတဲ့တော်လှန်ရေးတပ်တွေရဲ့ နှစ်ဖက်ကြားတိုက်ပွဲက နှစ်ပတ်ကျော်ကြာနေ့စဥ် ထိတွေ့မှုဖြစ်နေတာလို့ ဆိုပါတယ်။

“ တိုက်ပွဲကပုံမှန်ဖြစ်နေတယ်။လေကြောင်းလာတာတော့ အရင်ရက်ကထက် နည်းသွားတယ်” လို့ ဗန်းမောက်မြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ လေကြောင်းကနေ ရာနဲ့ချီဗုံးကြဲမှုတွေအပြီးမှာ ဗန်းမောက်မြို့ပေါ်က နေအိမ်တွေနဲ့ ဘာသာရေးအ ဆောက်အဦးအများစုမီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

အဲဒီ မီးလောင်ဆုံးရှုံးခဲ့ရမှုတွေဟာ တော်လှန်ရေးတပ်တွေလုပ်ခဲ့တာလို့ စစ်အုပ်စုနဲ့ လက်အောက်ခံ ရှမ်းနီတပ် SNAဘက်က ဝါဒဖြန့်ထားပါတယ်။

“ ဗုံးကြဲလို့ အိမ်တွေပြာကျတာပဲ။ကျွန်တော်တို့ တပ်စွဲလို့မရအောင်နဲ့ သူတို့ပစ်ကွင်းရှင်းအောင်လေကြောင်းကနေ ဖိပြီးမှ ဝင်လာတာ။ဒါကိုလူထုအထင်မှာအောင် ကျွန်တော်တို့က မီးရှို့တယ်ဆိုပြီး ယိုစွပ်တာပါပဲ” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမောက်မြို့ရဲ့ လွှစင်ကုန်း၊မြနန္ဒာ၊မြို့မနဲ့ အောင်သာကုန်း ရပ်ကွက် လေးခုထဲက မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ လွှစင်ကုန်းနဲ့ မြနန္ဒာရပ်ကွက်တွေကို စစ်အုပ်စုပြန်ရထားတာလို့ သိရပါတယ်။

စစ်တပ်ရဲ့ ဗန်းမောက်မြို့ထိုးစစ်မှာ ရှမ်းနီပြည် သူ့စစ်အပြင် စစ်တပ်ရဲ့တပ်မ(၃၃)၊ တပ်မ(၇၇) တက်ရင်းတွေပါတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမောက်မြို့ကို ပြန်ရဖို့ ၂၀၂၅ အောက်တိုဘာ လကတည်းက မြို့အနောက်ဘက်ခြမ်းကနေ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပေမယ့် ထိခိုက်မှုတွေများတာကြောင့် စစ်ကြောင်းတစ်ခု အစားထိုးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ တပ်မ နှစ်ခုလက်အောက်ခံတပ်ရင်းတွေကို အားဖြည့်ပြီးတဲ့နောက် အခု ဇန်နဝါရီ ၁၅ ရက်ကစပြီး ဗန်းမောက်မြို့တွင်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့လေးလ ၂၀၂၅ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်မြို့မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ဒါ့အပြင် ကသာနဲ့ ကောလင်းမြို့မှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှုရှိကာ စစ်ကောင်စီတပ်ရဲ့ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သတင်း

ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့ တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများသလို ပြည်သူ့ကာကွယ်ရေးရဲဘော်၉ဦးကျဆုံးခဲ့တယ်လို့ ‌စုံစမ်းသိရပါတတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Facebook