close
Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံမှာ YBSနဲ့ အငှားယာဉ်တိုက်၊ လူတစ်ဦးသေဆုံး

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။

(ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ် တိုက်မိအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - သု၀ဏ္ဏပရဟိတအသင်း)

ဇန်နဝါရီ-၃၀၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။

ဇန်နဝါရီ ၂၉ရက် ည ၁၁နာရီကျော်မှာ YBSက အငှားယာဉ်ကို ဝင်တိုက်ခဲ့တာကြောင့် အငှားယာဉ် ပေါ်မှာလိုက်ပါလာသူ နှစ်ဦးစလုံး အပြင်းအထန်ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရရှိသူတွေကို မိတ်ဖက်ပရဟိတအသင်းတွေနဲ့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ တစ်ဦးသေဆုံးသွားတယ်လို့ အထက်ပါပရဟိတအသင်းက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တစ်ဦးကလည်း အတွင်းလူနာအနေနဲ့ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ရက်ကလည်း ယာဉ်တိုက်မှု လေးကြိမ်ဖြစ်ခဲ့ပြီး ငါးဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂ရက်နဲ့ ၃ရက်မှာလည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့တာကြောင့် ဇန်နဝါရီပထမပတ်အတွင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ခုနစ်ဦးအထိရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းက အဝေးပြေး ကားလမ်းမ တစ်ခုမှာ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ထရပ်ကား မောင်းနှင်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် နဝဒေးမီးပွိုင့်၌ ဈေးကားနှင့် Boxကား တိုက်မိရာ ဈေးကားတိမ်းမှောက်၍ ကားပေါ်လိုက်ပါလာသူ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခုတွင် ဇူလိုင် ၃၁ရက်ညပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း Yangon Rescue Organizationက အသိပေးထားသည်။

သတင်း

မန္တလေး - ပြင်ဦးလွင်လမ်းပိုင်း ရဲ့အဆင်းလမ်းမှာဒီနေ့ ဇူလိုင် ၃၁ ရက်ညပိုင်းက ကား နှစ်စီး တိုက်မိပြီး တစ်စီး လမ်းဘေးချောက်ထဲကျပြီး ကားပေါ် ပါလာသူ နှစ်ဦး သေဆုံးသွားတယ်လို့ ကူညီရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

Facebook