close
Connect with us

Hi, what are you looking for?

သတင်း

ဇာတ်ကားမှောက်မှု သေဆုံး ဒဏ်ရာရသူ ၂၂ ဦးရှိ

ပျဥ်းမနား-တောင်ညိုလမ်းပိုင်းမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်မှု သဘင် အနုပညာရှင်၊ အတတ်ပညာရှင်တွေအပါအဝင်​သေဆုံး ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ပါတယ်။

(ဇာတ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ စာရင်း)

ဇန်နဝါရီ-၃၀၊ ၂၀၂၆။မေရီ/People’s Spring

ပျဥ်းမနား-တောင်ညိုလမ်းပိုင်းမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်မှု သဘင် အနုပညာရှင်၊ အတတ်ပညာရှင်တွေအပါအဝင်​သေဆုံး ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၈ရက် ညနေပိုင်းက မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့”ဟာ တောင်တွင်းကြီးကနေ တပ်ကုန်းမြို့သို့ ဖျော်ဖြေဖို့အသွား တောင်ညိုလမ်းပိုင်းမှာ ဇာတ်ကားကြီး ချောက်ထဲကျ တိမ်းမှောက်ခဲ့ပါတယ်။

ကားပေါ်မှာ ဇာတ်အဖွဲ့သူ အဖွဲ့သား ၂၇ဦးခန့် လိုက်ပါလာပြီး ညပိုင်းအထိ သေဆုံးသူ ၁၂ ဦးခန့် ရှိပြီး ထိခိုက်ဒဏ်ရာရမှုလည်း များပြားခဲ့ကြောင်း
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ကနဦးသတင်းထုတ်ပြန်ပါတယ်။ ဇတ်ကားတိမ်း​မှောက်ပြီး ၂ ရက်အကြာ ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေကို ထုတ်ပြန်တာမှာ ​သေဆုံးသူ ၈ ဦး ၊ဒဏ်ရာရသူ ၁၄ ဦး ရှိတယ်လို့​​ဖော်ပြပါတယ် ။

Public Service Announcement

Public Service Announcement

“ ဇာတ်တည်ထောင်တဲ့ မိသားစုက ၄ ယောက်ဘတောင်ပါသွားတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက်(၇၆)နှစ်အရွယ် ဆိုင်းပညာရှင် ဦးမြဝင်းက အကြီးဆုံးဖြစ်ပါတယ်။ အဆိုပါဇာတ်အဖွဲ့က ဇာတ်တည်ထောင်သူ၊ ဇာတ်မန်နေဂျာ၊မင်းသား၊ မင်းသမီး၊ လူရွှင်တော်တွေနဲ့ ကီးဘုတ်ဆရာ၊ မီးဆရာ၊ စတိတ်တာဝန်ခံ၊ နှဲပညာရှင်၊ လဂွင်းတီးပညာရှင်၊ ယာဥ်နောက်လိုက်၊ ပစ္စည်းထိန်း၊ စျေးရောင်းစတဲ့ အနုပညာအတတ်
ပညာရှင် စုစုပေါင်း ၂၂ ဦးသေဆုံး၊ဒဏ်ရ္ရခဲ့တယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က
ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ခေါင်းဆောင်မင်းသား ဇော်လေးနိုင်(ခ)သန့်ဇင်ဦးနဲ့ စက်ကိုင်၊ စတိတ်ဆရာ၊ ဆိုင်းအဖွဲ့ဝင် စတဲ့ ဇာတ်အဖွဲသား ၄ဦးလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိထားကြောင်း နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို နေပြည်တော်ရှိ ခုတင် (၁၀၀၀) ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။

●အမှားပြင်ဆင်ချက်

ကနဦးသတင်း​ဖော်ပြချက်မှာ ဇာတ်သဘင်ကားမှောက်မှု သေဆုံးသူ ၂၂ ဦးရှိလာ ဆိုပြီးမှားယွင်း​ဖော်ပြမိခဲ့ပါတယ်။ အမှန်မှာ ဇတ်ကားတိမ်း​မှောက်မှု​ကြောင့် ​သေဆုံးသူ ၈ ဦး ၊ ဒဏ်ရာရသူ ၁၄ ဦး
​စုစု​ပေါင်းသေဆုံး ဒဏ်ရာရသူ ၂၂ ဦးဖြစ်​ပါတယ်။ ကနဦး သတင်း​​ဖော်ပြမှုမှာ မှားယွင်းခဲ့တဲ့အတွက် ​တောင်းပန်အပ်ပါတယ် ။

(ဇာတ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ စာရင်း)

ဆက်စပ်သတင်းများ

Facebook