close
Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်ခရီးစဥ်အတွက်နယ်​မြေရှင်းဖို့လာတဲ့စစ်​ကြောင်းကို PDF​တွေတိုက်ခိုက်

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ခရီးစဥ်အတွက် နယ်မြေရှင်းဖို့လာတဲ့ စစ်တပ်ရဲ့တပ်မ ၃၃ စစ်ကြောင်း တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဇန်နဝါရီ-၂၈ ၊၂၀၂၆။မိုမို/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ခရီးစဥ်အတွက် နယ်မြေရှင်းဖို့လာတဲ့ စစ်တပ်ရဲ့တပ်မ ၃၃ စစ်ကြောင်း တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ် ချောင်းမကြီးရွာအနီးကို တပ်မ (၃၃) က အင်အား ၁၅၀ ဝန်းကျင်ပါစစ်​ကြောင်းဟာ ဇန်နဝါရီ ၂၅ ရက်ကစပြီးစစ်ကြောင်းထိုးလာတာလို့သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်၊မနက်ပိုင်းမှာစစ်တပ်စစ်ကြောင်းကို ​​တော်လှန်​ရေးတပ်​တွေက စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေကြောင့် ဆုတ်ခွာသွားရတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ မအလ မန္တလေးရောက်နေတာဆိုတော့နယ်မြေရှင်းပြီးလာကာတယ်။အခုစစ်ကြောင်းက စစ်ကိုင်းအထိ ပြန်ဆုတ်သွားပြီ” လို့ အထက်ပါတာဝန်ရှိသူက ​ပြောပါတယ်။

တပ်မ ၃၃ စစ်ကြောင်းကို မင်းကွန်း PDF၊ people servant force၊ ရတနာပုံတပ်ဦး၊ Nomore Dictatorship(NMD)၊GS Force ၊ဥဒေါင်းမင်း တပ်ဖွဲ့တွေနဲ့အတူ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအရ စစ်တပ်စစ်ကြောင်းမှာသေဆုံးထိခိုက်သူ ၁၀ ဦးဝန်းကျင်ရှိတယ်လို့ ဖော်ပြပါတယ်။ဒါ​ပေမယ့်စစ်တပ်စစ်​ကြောင်း​သေဆုံးထိခိုက်မှု​တွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကြောင်းမရှိတော့ပေမယ့်စစ်ကိုင်းမြို့နယ်မင်းကွန်းတိုက်နယ်ထဲမှာ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ အခြေပြုတပ်စွဲထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၈ ရက်က မြသိန်းတန်စေတီတော်နဲ့ မင်းကွန်းရဲစခန်းမှာ ရှိတဲ့စစ်ကောင်စီ နဲ့ ပြည်သူ့စစ် တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ပြီးခဲ့တဲ့လ ၁၀ ရက်နေ့ကလည်း မင်းကွန်းဘက်ကနေ ထိုးလာတဲ့စစ်တပ်စစ်ကြောင်း ချောင်းမကြီးရွာအနီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ သေဆုံးမှုရှိပြီး ခဲယမ်းနဲ့စစ်အသုံးအဆောင်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ ရရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် သြဂုတ်လကတည်းကစလို့ စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်း ဒေသ အပါအဝင် မြို့ပေါ်မှာပါ စစ်အင်အားဖြည့်တာနဲ့ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်လုပ်ခဲ့ပြီးနယ်မြေစိုးမိုးဖို့ ကြိုးစားနေတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေက ပြောပါတယ်။ဒါ​ကြောင့် တိုက်ပွဲ​တွေ မကြာခဏဖြစ်ပွား​နေပါတယ်။

ရုပ်သံ-ယူနီကွန်း​ပျောက်ကြားတပ်ဖွဲ့

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

Facebook