close
Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ ကျားဖြန့်အတွက်သုံးဖို့ဆိုပြီး Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ အွန်လိုင်းငွေလိမ်လယ်မှု ခေါ် ကျားဖြန့်အတွက်သုံးဖို့ Kpay အကောင့်တွေ ကျပ်ငါးသောင်းပေးပြီး လိုက်လံဝယ်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၆၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ အွန်လိုင်းငွေလိမ်လယ်မှု ခေါ် ကျားဖြန့်အတွက်သုံးဖို့ Kpay အကောင့်တွေ ကျပ်ငါးသောင်းပေးပြီး လိုက်လံဝယ်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က မလှိုင်မြို့ပေါ်မှာ လူတစ်စုက ပြည်သူတွေကို ဘဏ်ဆီ ခေါ်ဆောင်ကာ Kpay အကောင့်ဖွင့်ခိုင်းပြီး အကောင့်တစ်ခု ကျပ်ငါးသောင်းပေးကာ ဝယ်ယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ရပ်ကွက်ထဲက အမျိုးသမီးတွေကို မှတ်ပုံတင်ယူခိုင်းပြီး KBZ ဘဏ်မှာ ခေါ်သွားပြီး kpay acc ဖွင့်ခိုင်းတာ။ တယောက်ကို ၅သောင်းပေးတယ်” လို့ မလှိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရေအတွက်မည်မျှ Kpay အကောင့် ရောင်းလိုက်မိတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ပြည်သူတွေ အနေနဲ့ မိမိမှတ်ပုံတင်နဲ့ ပြုလုပ်ထားတဲ့ Kpay အကောင့်တွေကို ရောင်းချတာဟာ ငွေလိမ်သမား ကျားဖြန့်တွေရဲ့ အန္တရာယ် ကျရောက်နိူင်တာမို့ သတိပြုဆင်ခြင်ကြဖို့ လူထုသတင်းကွန်ရက်-မလှိုင်က သတိပေးပါတယ်။

“ အခုငွေရလို့ရောင်းတဲ့သူတွေက ဖုန်းတောင်မကိုင်နိုင်ဘူးရယ်။ လာဝယ်တဲ့သူအပြစ်ပြောရအောင်ကလည်း ရောင်းတဲ့သူက မှတ်ပုံတင်ကိုင် လိုက်သွားတာဆိုတော့ ပြောရခက်တယ်။ ဒါက ကျွန်တော်တို့သိတာပဲ ရှိသေးတာ။ အရင်ဘယ်နှစ်ယောက်ပါသွားလဲ မသိနိူင်ဘူး” လို့ လူထုသတင်းကွန်ရက်-မလှိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲက မန္တလေးတိုင်း မြို့နယ် ငါးမြို့နယ်မှာလည်း အခုလိုပဲ Kpay အကောင့်တွေကို ဘဏ်မှာလိုက်ဖွင့်ပေးရင် အကောင့်တစ်ခု ကျပ်နှစ်သောင်းနှုန်း ပေးတဲ့သူတွေရှိခဲ့ပါတယ်။

အဲဒီနောက် ပုသိမ်ကြီးမြို့နယ်ထဲက Kpay အကောင့် ရောင်းချလိုက်တဲ့ ပြည်သူတော်တော်များများ ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KBZ Pay အကောင့်များထံမှ ငွေကြေးဖောက်ထွင်ခံရမှုသည် ၎င်းတို့ မသက်​ဆိုင်ဘဲ ရဲစခန်းတွင်သာ အမှုဖွင့် ရန် ကမ္ဘောဇဘဏ်က တုံ့ပြန်ကြောင်း ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကလည်း မလှိုင်မြို့နယ်တွင်း ညအချိန် နေအိမ်များပေါ်အထိဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲခြင်း၊ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများအား ဖမ်းဆီးပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ဆေးမှုများကြောင့် ၂၀၂၃ ဇူလိုင်ကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

သတင်း

ရေဘေးလှူသည့် K pay အကောင့်များကို က​မ္ဘာဇ(KBZ )ဘဏ်က ပိတ်သိမ်း​ရှိ​နေသလို၊ Kpay Call Center အမည်ဖြင့် လိမ်လည်မှု ရှိလာကြောင်း ရန်ကုန်မြို့နေသူများက လူထုနွေဦးသို့ ပြောသည်။