close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်မှာ နှစ်ရက်အတွင်း ဆိုးရွားတဲ့ ရထားမတော်တဆမှု နှစ်ခုဖြစ်

စပိန်မှာ နှစ်ရက်အတွင်း ဆိုးရွားတဲ့ ဒုတိယမြောက် ရထား မတော်တဆမှု ဖြစ်ပွားခဲ့ပြီး စက်ခေါင်းမောင်းသူ သေဆုံးခဲ့သလို ၅ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

စပိန်မှာ နှစ်ရက်အတွင်း ဆိုးရွားတဲ့ ဒုတိယမြောက် ရထား မတော်တဆမှု ဖြစ်ပွားခဲ့ပြီး စက်ခေါင်းမောင်းသူ သေဆုံးခဲ့သလို ၅ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့က ဘာစီလိုနာ မြို့နားမှာ ရထားလမ်းပေါ် ပြိုကျနေတဲ့ လမ်းဘေး နံရံတစ်ခုကို ခုတ်မောင်းလာတဲ့ ရထားက အရှိန်နဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာမြို့ တည်ရှိရာ ကာတာလိုနီယာ ပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနဟာ ဂီလီဒါနဲ့ ဆန့်ဆက်ဒါနီ ဧရိယာတွေကြားမှာ အခင်းဖြစ်ပွားတဲ့ နေရာဆီ အမြန်ဆုံး သွားရောက်ခဲ့ပြီး ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ကြောင်း ကြေညာပါတယ်။

ဘာစီလိုနာ အပါအဝင် နိုင်ငံအရှေ့မြောက်ပိုင်း ဧရိယာတွေမှာ မုန်တိုင်းတွေ တိုက်ခတ်နေတဲ့ ကာလမှာ အခုလို ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ခဲ့တာပါ။ စပိန်နိုင်ငံမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေး ကြေညာချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရထားတွဲတွေထဲ ပိတ်မိနေသူတွေ လုံးဝ မကျန်တော့ဘူး ဆိုတာ သေချာအောင် စစ်ဆေးပြီးတဲ့ အခါမှ ရှင်းလင်းရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေကိုတော့ အနီးမှာရှိတဲ့ ဆေးရုံ ၃ ခုဆီကို ဖြန့်ကျက် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

၅ ဦးက ဒဏ်ရာပြင်းထန်ပြီး သိပ်မစိုးရိမ်ရတဲ့ နောက်ထပ် လူနာ ၆ ဦးလည်း ရှိခဲ့ကြောင်း၊ ၂၆ ဦးကတော့ အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။ အဲဒီနေ့မှာပဲ ဘာစီလိုနာ ပြည်နယ်ထဲမှာ နောက်ထပ် ရထားတစ်စီး လမ်းချော်မှု ဖြစ်ခဲ့ပေမယ့် အထိအခိုက်တော့ မရှိခဲ့ပါဘူး။

အခုဖြစ်ရပ်တွေ မတိုင်ခင် နှစ်ရက်အလို ဇန်နဝါရီ ၁၈ ရက်နေ့တုန်းကလည်း စပိန်နိုင်ငံ တောင်ပိုင်းမှာ မြန်နှုန်းမြင့် ခုတ်မောင်းနေတဲ့ ရထားတစ်စီး ပြေးလမ်းချော်ထွက်သွားပြီး ဆန့်ကျင်ဖက်ကနေ လာနေတဲ့ ရထားကို ဝင်တိုက်မိတာကြောင့် လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ နိုင်ငံသမိုင်းမှာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း အဆိုးဆုံး ရထား မတော်တဆမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ -BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်မိမှု ဖြစ်စဉ်ကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးစေမယ်လို့ စပိန် ဝန်ကြီးချုပ်က ကတိပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လန်ဒန်မြို့တော်ဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားတစ်စီးပေါ်မှာ လူတွေ အစုအပြုံလိုက် ဓားထိုးခံခဲ့ရပြီး ၁၀ ဦး ဆေးရုံရောက်နေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။