close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်းနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနဲ့ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်းနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ မြစ်ကြီးနားသပိတ်၊ GSCB

ဇန်နဝါရီ-၁၀၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်းနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် စျေးတန်းထဲမှာ ဝက်လက်လူထုသပိတ်၊ ရွှေဘိုသပိတ်နဲ့ဘုတလင်သပိတ်အင်အားစုတို့ (၃)မြို့နယ် ပူးပေါင်းပြီး စစ်တပ်ရဲ့ ထုတ်ကုန်တွေ မသုံးစွဲဖို့နဲ့ စစ်တပ်ကိုထောက်ပံ့ပြီး ပြည်သူတွေကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်​ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့အပေါ် ကန့်ကွက်ဆန့်ကျင်ကြောင်း မြစ်ကြီးနားဒေသခံတွေက ဧရာ၀တီမြစ်ဘေးတနေရာမှာ ဆန္ဒပြကြပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ဆုံစီမံကိန်း အလိုမရှိကြောင်း ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဆယ်နဲ့ချီတဲ့ပြည်သူတွေက “ မြစ်ဆုံကိုကာကွယ်ပါ၊ဧရာဝတီကို ကာကွယ်ပါ” ၊ “ ပြည်သူ့အသံကိုနားထောင်ပါ မြစ်ဆုံစီမံကိန်းရပ်ပါ” ၊ “ တို့ဧရာဝတီကို ဒို့ချစ်တယ်” ၊” No Myitsone Dam” ၊ “ အသက်ပေါင်းများစွာကယ်တင်ဖို့ မြစ်ချောင်းအင်းအိုင်ဖျက်ဆီးမှုကို တားဆီးစို့ No Dam” ၊” မြစ်ဆုံစီမံကိန်းအလိုမရှိ-No Myitsone Dam” စတဲ့ စာတမ်းတွေရေးသားဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။

ဆက်စပ်သတင်းများ