close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေကြောင့် ရန်ကုန် – နေပြည်တော် – မန္တလေးရထားခရီးတွေ ဖျက်သိမ်း

ပဲခူးတိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရန်ကုန် – နေပြည်တော် – မန္တလေး ရထားခရီးစဉ်တွေ အားလုံးဖျက်သိမ်းထားတယ်လို့ စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားထံက စုံစမ်းသိရပါတယ်။

(အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန် - မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းအပြီး မြင်ကွင်း။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ဇန်နဝါရီ-၁၀ ၊၂၀၂၆။တာရာ/People’s Spring

ပဲခူးတိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရန်ကုန် – နေပြည်တော် – မန္တလေး ရထားခရီးစဉ်တွေ အားလုံးဖျက်သိမ်းထားတယ်လို့ စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားထံက စုံစမ်းသိရပါတယ်။

ဇန်နဝါရီ ၉ ရက်ကစပြီး ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့တာလို့ ဆိုပါတယ်။

” အခုထိတော့ ပိတ်ထားတယ်။ သံလမ်းတချို့ ထိခိုက်ပျက်စီးတာတွေ ရှိတယ်။ လောလောဆယ်တော့နယ်မြေအခြေအနေအရ ခဏရပ်ထားတယ်။ ပြန်ဖွင့်ရင် အသိပေးပါမယ်” လို့ စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ရန်ကုန် – မန္တလေး ရထားခရီးစဉ်တွေကိုလည်း ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းထဲက ညောင်လေးပင်နဲ့ ဖြူးဘူတာကြားမှာ လုံခြုံရေးအခြေနေအရ ရန်ကုန် – မန္တလေး ကိုပြေးဆွဲတဲ့ အစုန် ၊ အဆန် ရထားခရီးစဉ် ဖျက်သိမ်းလိုက်တာလို့ ဘူတာတွေမှာ ကြေညာထားပါတယ်။

“ရန်ကုန် -ပုဂံရထားခရီးလည်း ပိတ်လိုက်ပြီ ၊ လမ်းကြောင်းအခြေနေအရပေါ့”လို့ ပုဂံဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ပြေးဆွဲမယ့် ရန်ကုန် – နေပြည်တော် – မန္တလေး အမှတ်(၃၁)အဆန် DEMU ရထားနဲ့ ရန်ကုန် – မန္တလေး အမှတ်(၁၁)အဆန် အမြန်ရထား နှစ်စင်းလုံးရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ရထားလက်မှတ်ခတွေကို ပြန်လည်ထုတ်ယူနိုင်တယ်လို့ အသိ ပေးထားပါတယ်။

ဇန်နဝါရီ ၉ရက်ကစပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းက စစ်တပ်စခန်း ၁၄ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

တောကျွဲအင်းမြို့၊ သာယာကုန်းမြို့၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်၊ ကျွဲပွဲကြားနဲ့ စည်ပင်သာကျေးရွာတွေမှာရှိတဲ့ တပ်စခန်း ၁၄ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၅၀ထက်မနည်းသေဆုံးပြီး တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်တွေက ယာယီထိန်းချုပ်ပြီး လက်ရှိမှာတော့ ပြန်ဆုတ်ခွာထားတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုက မြို့ကို ခေတ္တထိန်းချုပ်ပြီး‌ တော့ ဆောင်ရွက်စရာရှိတာဆောင်ရွက်မယ်။ ကျွန်တော်တို့ လမ်းတွေကို ထိန်းချုပ်မယ်။ ဒါတွေကို ကျွန်တော်တို့ဆောင်ရွက်မယ်။ ကျွန်တော်တို့ရည်မှန်းချက်အတိုင်းတော့ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာလည်း လက်အောက်မှာရှိတဲ့ ရန်သူ့ကင်းစခန်းတွေ ဂိတ်စခန်းကို ခြေမှုန်းနိုင်တယ်။ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း တောကျွဲအင်းမြို့ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်။ အပြည့်အဝထိန်းချုပ်ပြီးတော့ ဆောင်ရွက်စရာရှိတဲ့ကိစ္စတွေကို ဆောင်ရွက်တယ်။ ပြီးလို့ရှိရင် တစ်ဆင့်ခြင်း စနစ်တကျ ကျွန်တော်တို့ ဆုတ်ခွာတယ်ပေါ့။ ခွာပြီးတော့ ကျွန်တော်တို့ မူလရည်မှန်းချက်အတိုင်း လမ်းတွေကိုတော့ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထာဆဲပါဗျ” လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ