ဇန်နဝါရီ-၇၊၂၀၂၆။ဇော်ဝင်း/People’s Spring
နေပြည်တော်က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်မှုမှာ ရဲမှူးအပါအဝင် ရှစ်ဦး သေဆုံးပြီး သေနတ် ၂လက်ရတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က လူထုနွေဦးကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် ၆ရက်ကြာ ကြိုတင်ပြင်ဆင်ခဲ့ပြီး “ စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂)အား ဟန့်တားတိုက်ဖျက်မှု စစ်ဆင်ရေး” လို့ ဆိုပါတယ်။
နေပြည်တော်ကနေ ထွက်လာတဲ့ စစ်တပ်ရဲ့ ကားလေးစီးပါအထူးယာဥ်တန်းကိုမကွေးတိုင်း၊မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီးက ကန်ပြားလမ်းပိုင်း တနေရာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
“ ရွေးကောက်ပွဲ အပိုင်း(၂)အတွက် သူတို့စီစဥ်ဖို့ရှိတယ်။အဓိက မကွေးတိုင်းမှာဆိုရင် ၁၁ မြို့နယ် ပါမယ်။အဲဒီ ၁၁ မြို့နယ်ကို တိုင်းအဆင့်နဲ့ဗဟိုအဆင့်ပူးပေါင်းပြီးစစ်ဆေးဖို့ရှိတယ်။အဲဒီမှာ ဘယ်နေ့စစ်မယ်ဆိုတာ သတင်းရတယ်။ဒါပေမယ့် ကျွန်တော် တို့တပ်တွေနဲ့က ကျွန်တော်တို့ နယ်မြေမဟုတ်တဲ့အတွက်ကြိုတင်ပြင်ဆင်ရတယ်။လုပ်မယ့် နေရာကိုသွားရတဲ့အပိုင်းရှိတယ်။အချိန်ကာလသတ်မှတ်ထားရတာရှိတယ်။ သုံးမယ့်လက်နက်က အစပေါ့။အဓိကတော့ ရွေးကောက်ပွဲ တိုင်းရော၊ဗဟိုအဆင့်ရောပါလာမှာဖြစ်တဲ့အတွက် အရှင်ဖမ်းဖို့ပေါ့” လို့ ဗိုလ်လကျာ်က စစ်ဆင်ရေးအကြောင်းကို ရှင်းပြပါတယ်။
တိုက်ခိုက်မှုကြောင့် ယာဉ်တန်းပါ ကား(၄)စီးအ
နက် (၃)စီး တိမ်းမှောက်ပျက်စီးသွားပြီး ကျန်ကားတစ်မှာ စီးထွက်ပြေးလွတ်မြောက် သွားတယ်လို့ အသိပေးပါတယ်။
မြို့သစ်မြို့နယ်ရဲမှူးထွန်းလင်းအောင်၊ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်ကျော်သူ၊ ဒုရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်ငါးဦးသေဆုံးပြီးG3သေနတ်(၂)လက်၊ ကျည်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
“ ဒီနေ့မြို့သစ်မှာ စျာပနလုပ်မယ်ကြားတယ် ရဲမှူးက ဗန်မော်ဇာတိပြောင်းလာတာနှစ်လဘဲရှိသေးတယ်” လို့ မြို့သစ်မြို့နယ်က စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇)၊တပ်ရင်းအမှတ် (၉၀၃)မှ ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲပြုလုပ်မှုတွေကို နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံက ဟန့်တားပိတ်ပင်သွားမယ်လို့ နေ ပြည်တော်တိုင်းစစ်ဌာနက ကြေညာထားပါတယ်။




















































