close
Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်တိုက်ပွဲ စစ်တပ်အထိနာ၊ စစ်သားနှစ်ဦး အလင်းဝင်

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှာ တပ်မ(၄၄)လက်အောက်ခံ အမှတ်(၃)ခြေမြန်တပ်ရင်း(ခမရ-၃) စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကာ နှစ်ဦး အလင်းဝင်လာတယ်လို့ Southern Eagle PDFတပ်ရင်းက ဒီကနေ့(ဇန်နဝါရီ ၃ရက်) ထုတ်ပြန်ပါတယ်။

သိမ်ဇရပ်တိုက်ပွဲအတွင်း အလင်းဝင်လာတဲ့ စစ်သားနှစ်ဦးယူဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Southern Eagle PDF

ဇန်နဝါရီ-၃ ၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှာ တပ်မ(၄၄)လက်အောက်ခံ အမှတ်(၃)ခြေမြန်တပ်ရင်း(ခမရ-၃) စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကာ နှစ်ဦး အလင်းဝင်လာတယ်လို့ Southern Eagle PDFတပ်ရင်းက ဒီကနေ့(ဇန်နဝါရီ ၃ရက်) ထုတ်ပြန်ပါတယ်။

အမှတ်(၁)စစ်ဆင်ရေးနယ်မြေ ၊ အထူးတိုင်းစစ်ဌာန ၊နည်းဗျူဟာ(၃၆) ကွပ်ကဲမှုအောက်ရှိ Southern Eagle PDFတပ်ရင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ နယ်မြေကို ခမရ(၃)တပ်ရင်းစစ်ကြောင်းက ၂၀၂၅ ဒီဇင်ဘာ ၂၆ ရက်မှာ စစ်‌ကြောင်းထိုးဝင်ရောက်လာတာလို့ ဆိုပါတယ်။

သိမ်ဇရပ်မြို့မှာလုပ်မယ့် ရွေးကောက်ပွဲ ကြိုတင်ကာကွယ်ဖို့ ခမရ(၃) တပ်ရင်းမှူး ၊ဒုတပ်ရင်းမှူးဦးဆောင်ပြီး အဲဒီစစ်ကြောင်းမှာ အင်အား ၁၀၀ကျော်ပါတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ သိမ်ဇရပ်က ကျွန်တော်တို့စိုးမိုးနယ်မြေကို စစ်ကြောင်းထိုးလာတယ်။နောက်ဆက်တွဲကတော့ ဒီကောင်တွေအထိနာသွားတော့ ကျွန်တော်တို့မရှိတဲ့ ရွာထဲတွေကို လက်နက်ကြီးတွေနဲ့ အရပ်သားပစ်မှတ်ကို ကောင်းကောင်းတိုက်ခိုက်နေတယ်။ပြန်ဆုတ်သွားတာက ခမရ(၃)ကို” လို့ Southern Eagle PDFတပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပူးပေါင်းမဟာမိတ် KNLA ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ ဒီဇင်ဘာ ၂၆ရက်မနက် ၉ နာရီကစပြီး ညနေ ၄ နာရီအထိ တိုက်ပွဲ ကိုးကြိမ်ဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေတဲ့အပြင် ထိခိုက်သူတွေ များတာကြောင့် ပြန်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်​ကောင်စီတပ်​ရဲ့ သေဆုံးထိခိုက်မှုအရေအတွက်နဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့အဓမ္မဖမ်းဆီး စေခိုင်းခံရထားရဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးဟာ MA1 (၂)လက်နဲ့ ခဲယမ်းတချို့ ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်(၃၁၀)တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ကျိုက်ထိုမြို့နယ် ဂွေ့ကြီးကျေးရွာ ဈေးလာရောင်းတဲ့ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အရပ်သားပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ နေထိုင်ကြဖို့ကိုလည်း Southern Eagle PDFတပ်ရင်က မေတ္တာရပ်ခံထားပါတယ်။

ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့မှာ စစ်တပ်ရဲ့ ခမရ(၂၀၇)တပ်ရင်းနဲ့ အမြောက်တပ်(၃၁၀)တပ်ရင်းတွေအခြေစိုက်ထားပြီး ကျိုက်ထိုမြို့နဲ့ မိုင် ၂၀ ကျော်အကွာ ဘီးလင်းမြို့မှာ ခမရ(၃)တပ်ရင်း ရှိပါတယ်။

ဆက်စပ်သတင်းများ