ဇန်နဝါရီ-၇၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း ဒီကနေ့ (ဇန်နဝါရီ ၇ရက်)မှာ ပြန်ဖွင့်လိုက်ကြောင်း သတင်းရရှိပါတယ်။
ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ နယ်မြေစစ်ရေးအခြေနေအရ ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း (အုန်းတော-ရွှေဘိုလမ်းပိုင်း)ကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်ကစပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ပုံမှန်သွားလာအသုံးပြုလို့ရပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာကတည်းက စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဖြတ်သန်းသွားလာလို့ မရခဲ့တာပါ။

Public Service Announcement
လမ်းပိုင်းပြန်ဖွင့်လိုက်တယ်ဆိုပေမဲ့ ဖြတ်သန်းသွားလာတာတွေ နည်းပါးနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ လမ်းဘေးကရွာတွေလည်း ခုထိ ပြန်မဝင်ရသေးဘူး။ မနက်ကထိ အဲ့ဘက်ကားအသွားအလာမရှိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လမ်းပိုင်းအချို့နေရာတွေမှာလည်း စစ်ကောင်စီတပ်စွဲထားတာတွေရှိတဲ့အတွက် သတိပြုသွားလာကြဖို့ ဒေသခံတွေက သတိပေးပါတယ်။
ရွှေဘို-မန္တလေးလမ်းပိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို သွားလာရာမှာ အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။

















































