close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်ကြားကို စစ်တပ် စစ် ကြောင်းထိုးလို့ ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်ကြားကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

မြင်းခြံမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၅၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်ကြားကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

ဇူလိုင်နောက်ဆုံးပတ်ကတည်းက အဲဒီမြို့နယ် နှစ်ခုကြားကို စစ်ကောင်စီတပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေတာဖြစ်ပြီး သစ်ပင်ရှည်၊ကျောက်ပြုတ်၊ခင်မကန်၊သဲတော၊ပျော်ဘွယ်၊စံပြ၊ထနောကိုင်း၊ဖုံရွာ၊ရသာ၊ဘလုံ၊တဲရွာ၊ညောင်ပင်ရွာ၊ရွာကြီး၊ရွာသစ်၊စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀လောက်က ဘေးလွတ်ရာတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

“ လှည်းရှိတဲ့သူက လှည်း၊ထော်လာဂျီရှိတဲ့သူကထော်လာဂျီ ပေါ်မိုးကာအုပ်ပြီး ရှောင်ရတာ။နောက်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး အကြမ်းပတမ်းပစ်ခတ်တာမျိုးကလည်း ကျေးရွာတွေ ပေါ်ကျတာတို့၊တောထဲစစ်ရှောင်တွေပေါ်ကျတာတွေလည်း ရှိတယ်။ထိခိုက်ဒဏ်ရာရဆုံးရှုံးတာ တွေလည်းရှိတယ်” လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ ဩဂုတ်အတွင်းမှာ တစိုးရွာက မိသားစု၅ဦးကိုလည်း သတ်ဖြတ်ထားပြီး လက်ရှိအချိန်ထိ နွားထိုးကြီး- မြင်းခြံလမ်းပိုင်းကိုစိုးမိုးဖို့အတွက် ကြိုးစားနေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းအပြင် နွားထိုးကြီးမြို့နယ်ဘက်ကလည်း စစ်ကြောင်းတကြောင်းရှိပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်နေကာ စစ်တပ်က နေ့စဉ် လေကြောင်းတိုက်ခိုက်နေတာလည်း လဝက်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်ကကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းအပြင် ဒရုန်း၊လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗန်းမောက်မြို့ကိုစစ်ကောင်စီက အမှတ်(၃၃)​ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃)​အောက်ကတပ်ရင်း​တွေနဲ့အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထီးခီးဒေသကိုအာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်း ကနေ ထပ်မံတိုက်ခိုက်လို့ ပြည်သူအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က ရှေးဟောင်းစေတီဖြစ်တဲ့ ‌ဘော်ကြိုဘုရားနဲ့ကျေးရွာမပျက်စီးစေရေးအတွက်သံဃာတော်တွေက မေတ္တာရပ်ခံလို့ တအာင်းတပ်မတော် (TNLA)က ဆုတ်ခွာပေးပြီးနောက်ပိုင်း ဘော်ကြိုနဲ့ သီပေါမြို့ကြားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Facebook