close
Connect with us

Hi, what are you looking for?

သတင်း

အာဆီယံရဲ့တူညီဆန္ဒ ၅ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အလေးပေးဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့တူညီဆန္ဒ ၅ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အလေးပေးဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးချုပ်တို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Wisma Putra/FB

အောက်တိုဘာ-၁၀၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့တူညီဆန္ဒ ၅ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အလေးပေးဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

အောက်တိုဘာ ၁၀ရက် မနေ့က နေပြည်တော်ကို နေ့ချင်းပြန်ခရီးစဥ်သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အသိပေးလာတာပါ။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်လက်ခံဖို့နဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေပွဲဖြစ်မြောက်ဖို့ အချက်တွေ ပါဝင်တဲ့ အာဆီယံရဲ့တူညီဆန္ဒ ၅ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီဝန်ကြီးချုပ်ညိုစောနဲ့တွေ့ဆုံစဥ်မှာ ပြောကြားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံကျင်းပမယ့်ရွေးကောက်ပွဲတွေအကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့မှာ လူမှုကွန်ရက်ကတဆင့် ဖော်ပြအသိပေးပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ တစ်ရက်ကြာနေပြည်တော်ခရီးစဥ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲ ဆုံးဖြတ်ချက်အရနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံကို ကိုယ်စားပြုပြီး သွားရောက်တာဖြစ်ပါတယ်။

နေပြည်တော်ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီဝန်ကြီးချုပ် ဦးညိုစော၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံစဥ်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေမှုတွေကို တွေ့ရလို့ ဝမ်းသာကြောင်းနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်သွားမှာဖြစ်ကြောင်း ပြောကြားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေက ရေးသားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း စစ်ကောင်စီဖော်ပြချက်တွေနဲ့ပတ်သက်လို့ သီးခြားတုန့်ပြန်ဖော်ပြလာတာမျိုး မတွေ့ရသေးပါဘူး။

စစ်ခေါင်းဆောင်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို လာမယ့်ရွေးကောက်ပွဲမှာ ဥပဒေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေက ဖော်ပြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်ပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့ စက်တင်ဘာမှာ နေပြည်တော် သွားရောက်ဖို့ စီစဥ်ခဲ့ပေမယ့် ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ အခုနေပြည်တော်ခရီးစဥ်မှာတော့ အခြားအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ လိုက်ပါခြင်းမရှိဘဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတစ်ဦးတည်းသာ နေပြည်တော်ကို နေ့ချင်းပြန်သွားရောက်ခဲ့တာပါ။

ဒေသတွင်းလေ့လာစောင့်ကြည့်သူတွေကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ နေပြည်တော်ကို မသွားရောက်သင့်ကြောင်းနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ တိုက်တွန်းထားခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာ့တော်လှန်ရေးအင်အားစုတွေအပါအဝင် အနောက်နိုင်ငံအများစုက စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ အတုအယောင် တရားမဝင်ရွေးကောက်ပွဲသာဖြစ်ပြီး အဲဒီရွေးကောက်ပွဲဟာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားလာစေမှာသာဖြစ်ကြောင်း ထောက်ပြထားကြပါတယ်။

ကိုးကား – BERNAMA

ဆက်စပ်သတင်းများ

ဆောင်းပါး

Scorpio/People’s Spring သီတင်းကျွတ်လပြည့်ကျော် ၂ ရက် (အောက်တိုဘာ ၈ ရက်)နေ့က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက မူလတန်းကျောင်းလေးကို ချောင်းဦးနယ်သားဖြစ်တဲ့ ဦးဇင်း အရှင်ဇနက(ဘွှဲ့အမည်လွှဲ) စိတ်မသ​က်မသာနဲ့ ရောက်ရှိလာခဲ့တယ်။ ကျယ်ပြန့်တဲ့ မူလတန်းကျောင်းရှေ့ကွင်းပြင်က မြက်ခင်းတွေဟာ ဟိုတကွက်ဒီတကွက်နဲ့ ပြာဖြူဖြူတွေ တွေ့ရတယ်။ ကျောင်းအဆောက်အအုံတွေလည်း ပျက်စီးနေတယ်။...

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရာ နေရာ ၂ခုကို အောက်တိုဘာ ၁၀ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)မနက်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မြို့နယ် မလန်းကျေးရွာမှာ စစ်ကောင်စီနဲ့ KIA၊KPDF တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ အောက်တိုဘာလ ၁၀ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12လေယာဉ်နဲ့ဗုံးကြဲပြီး လေကြောင်းက ကင်းထောက်နေပါတယ်။