close
Connect with us

Hi, what are you looking for?

သတင်း

ဆီမီးသပိတ်မှာကျဆုံးခဲ့သော ကျောင်းသားပြည်သူတွေအတွက် စစ်ကိုင်းနဲ့မကွေးမှာဆုတောင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဆီမီးသပိတ်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းခြင်း သပိတ်လှုပ်ရှားမှုတွေဒီကနေ့ မှာအသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၁၀၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဆီမီးသပိတ်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းခြင်း သပိတ်လှုပ်ရှားမှုတွေဒီကနေ့ မှာအသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ “ တော်လှန်ဆီမီးထွန်းသပိတ်” လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့တဲ့ ပြည်သူတွေကို ဖယောင်းတိုင်ထွန်း အောက်မေ့သတိရ ဝမ်းနည်းခြင်း ပြုလုပ်ခဲ့ကြပါတယ်။

ယင်းသပိတ်ကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ တော်လှန်ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့တဲ့ မုံရွာ-ချောင်းဦးက ဒေသခံပြည်သူတွေ၊ လူထုလှုပ်ရှားမှု ဦးဆောင်ဦးရွက်ပြုရင်း မြင့်မြတ်စွာအသက်ပေးလှူခဲ့တဲ့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေကို ဖယောင်းတိုင်ထွန်း အောက်မေ့သတိရဝမ်းနည်းခြင်းအစီအစဉ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်မှာလည်း သပိတ်အင်အားစုက စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်” ၊ “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားကိုင်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မကွေးတိုင်းယောဒေသမှာလည်းယောကာကွယ်ရေးတပ် – YDF က ယောဒေသ အပါအဝင် မြန်မာတနိုင်ငံလုံးရှိ အာဏာရှင်စနစ်အား အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ရဲဘော်အပေါင်းတို့အား အောက်မေ့ဖွယ်ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB ၊ ကလေးမြို့နယ်သပိတ်)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဆီမီးသပိတ်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားပြည်သူတွေအတွက် သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။