close
Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့နယ်ကို စစ်တပ်ဗုံးကြဲ ကလေးငယ် နှစ်ဦးအပါအဝင် ၇ ဦးသေဆုံး

ရှမ်းမြောက်က မိုးမိတ်မြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး သုံးလုံး ကြဲတိုက်ခိုက်ရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့နယ် ဝဲဘောင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတာ​ကြောင့်​သေဆုံးခဲ့တဲ့ပြည်သူနဲ့အပျက်အစီး​တွေကို​တွေ့ရစဥ်။ ။ဓာတ်ပုံ - TNLA

အောက်တိုဘာ-၉၊၂၀၂၅။လူအေး/People’s Spring

ရှမ်းမြောက်က မိုးမိတ်မြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး သုံးလုံး ကြဲတိုက်ခိုက်ရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ရက် ည ၇နာရီခန့်မှာ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကျေးရွာကို စစ်ကောင်စီတပ်က ပေါင် (၂၅၀) ဗုံး သုံးလုံးလာရောက်ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား ၄ဦး၊ အမျိုးသမီ ၃ဦး ထိမှန်သေဆုံးခဲ့ပြီး ပြည်သူ ၈ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

“ ကျောက်မောရွာမှာ ဒေသခံထိတာရှိတယ်။ သေဆုံးတယ်။ အတိအကျမသိရသေးတာ” လို့ ​ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၂၅၀) ဗုံး ၂လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအ၀င် ပြည်သူ ၁၀ဦးသေဆုံးခဲ့ပြီး ၃ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကနေ့စဉ်ဗုံးကြဲနေတာပါ။ အောက်တိုဘာလ၈ရက် မနက်ကလည်း ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့မြို့ကို ဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရောက်ခဲ့တယ်လို့TNLAကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲက နမ့်မန်းတံတားကိုလည်း ဗုံးကြဲချပြီးဖျက်ဆီးသွားတယ်လို့ သိရပါတယ်။ မိုးမိတ်မြို့နဲ့ဆက်စပ်နေတဲ့မိုင်းလုံမြို့ကိုလည်းအောက်တိုဘာ ၆ရက်က ဗုံးကြဲလို့ ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သား ၉ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

သတင်း

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်ညကစပြီး လပြည့်ကျော် ၁ ရက်အထိ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။