close
Connect with us

Hi, what are you looking for?

သတင်း

KNUဖမ်းမိသည့် မူးယစ်ဆေးပြား ၆သန်းကျော် ထိုင်းတာဝန်ရှိသူများစစ်ဆေးပြီးနောက် မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်အတွင်းမှာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁၀၀၀၀၀ကျော် (ဆေးပြား ၆သန်းကျော်)ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။

ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော ကာလတန်ဖိုး ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ (WY) ဆေးပြားများကို မီးရှို့ဖျက်ဆီးသည့် မြင်ကွင်း။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်အတွင်းမှာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁၀၀၀၀၀ကျော် (ဆေးပြား ၆သန်းကျော်)ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။

ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို KNU မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေးကော်မတီ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့က ဖားအံခရိုင်၊ တပ်မဟာ(၇) ဌာနချုပ်၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ဟု အသိပေးသည်။

“ကေအဲန်ယူသည် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ မူးယစ်ဆေးဝါးများ စစ်ဆေးအတည်ပြုပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်”ဟု KNU ဗဟိုက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါမူးယစ်ဆေးဝါးများဖမ်းဆီးရရှိခဲ့သည့် နေရာဒေသနှင့် ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့များ၏ အမည်စာရင်းကိုလည်း ဖော်ပြခဲ့သည်။

ဖားအံ(ဘားအံ)ခရိုင် နဘူးမြို့နယ်မှ WY ဆေးပြား ၁၂၀၀၀၀ကို KNLA တပ်ရင်း(၁၀၁)က ဖမ်းမိခဲ့ကြောင်း၊ သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ဒုတိယဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်သော KNLA တပ်ဖွဲ့ကယခုနှစ် ဧပြီလ ၂၇ရက်တွင် WY ဆေးပြား ၆သန်းနီးပါး(၅,၉၉၀,၀၀၀ ပြား) ကို ဖမ်းမိခဲ့ကြောင်း၊ ယခုနစ် မေလတွင် ပိုင်ကျုံ မြို့နယ်၌ KNLA တပ်ရင်း(၁၉) က WYဆေးပြား ၇,၉၀၁ ပြား ဖမ်းမိခဲ့ကြောင်း အသိပေးပြီး ယင်းဆေးပြားများကို ယနေ့တွင် မီးရှိုခဲ့ဟု ထုတ်ပြန်သည်။

မူးယစ်ဆေးဝါး(WY) ဆေးပြားများ ဖျက်ဆီးခြင်း အခမ်းအနားကို KNU (ဗဟို) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ KNU ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူး၊ ဖားအံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ KNLA စစ်ဌာနချုပ်-ဒုတိယဗိုလ်မှူးကြီးစောခင်လေး၊ KNLA တပ်မဟာ(၇)မှ တပ်ရင်းမှူးများနှင့်တပ်ရင်းတာဝန်ရှိသူများ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ တာဝန်ရှိသူများ၊ ဖားအံခရိုင် တာဝန်ရှိသူများ၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် နှင့် ထိုင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ဟု ဆိုသည်။

KNUသည် မူးယစ်ဆေးဝါးရောင်းချကုန်ကူးခြင်းနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်းလည်း ထပ်လောင်းအသိပေးသည်။

ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိသည့်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူများကို အဆင့်ဆင့်အပြစ်ပေးအရေးယူမှုများလုပ်ဆောင်လျက်ရှိကာ ထိန်းသိမ်းဖမ်းဆီး ရရှိခဲ့သော မူးယစ်ဆေးဝါးများကိုလည်း ဖျက်ဆီးမှုများအစဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား‎ ယနေ့ စက်တင်ဘာ ၁၈ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းရဟု KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာတိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅)နယ်မြေတွင် ယခု စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU ဖာပွန်ခရိုင်ကယနေ့ (စက်တင်ဘာ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။