close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်း လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအဝင် ၆ဦး သေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၃ရက်က မတ္တရာနယ် ဝေါရွာသစ်ကျေးရွာအား လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-MDY-PDF

စက်တင်ဘာ−၁၆၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းက ဒီယာရွာနဲ့ ဥက္ကံကျေးရွာကို စက်တင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လည် ၁နာရီခွဲအချိန်မှာ တံတားဦးနဲ့ မိတ္ထီလာလေတပ်က တက်လာတဲ့ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှု မှာ ကလေးငယ်တွေအပါအဝင် အမျိုးသား၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ တဦးက ဆိုင်ကယ်မောင်း နေရင်းမှန်တာ။ခေါင်းပြတ်ထွက်သွားတယ်။ခေါင်းပါ ရှာမတွေ့တော့ဘူး” လို့ Wetlet information Network က ကိုနဂါးလေးက ပြောပါတယ်။

စစ်ကောင်စီက ပေါင်၅၀၀နဲ့ ပေါင် ၃၀၀‌ဗုံးတွေ ကြဲချခဲ့တာလို့ သိရပါတယ်။

စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကို ‌‌ တရစပ်လေကြောင်းတိုက်ခိုက်နေပြီး စက်တင်ဘာ ၁၃ ရက်ကလည်း မတ္တရာမြို့နယ်၊အင်ကြင်းမြိုင်ရွာအနီး လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းခံထားပါတယ်။

သတင်း

ပြီးခဲ့သည့် ဩဂုတ်လက ဗုံးကြဲခဲ့ရပြီးအရပ်သား ၂၀ ကျော်သေဆုံးခဲ့သောမိုးကုတ်မြို့လင်း ရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ယနေ့ နံနက်တွင်ဗုံးထပ်မံကြဲ​သော​ကြောင့် အရက်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ (APHR)ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စာသင်ကျောင်းကို ဗုံးကြဲခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အပြင်း အထန်ရှုတ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ကျောက်တော် မြို့နယ် သရက်တပင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့၍ ကျောင်းသား၊ကျောင်းသူ များစွာ သေဆုံးထိခိုက်ခဲ့ရသည့် ဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ASU)နှင့် အခြားလူငယ်ကျောင်းသားအဖွဲ့များက ယနေ့ (စက်တင်ဘာ ၁၄ရက်)တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

Facebook