စက်တင်ဘာ−၁၆၊၂၀၂၅၊မေ/ People’s Spring
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းက ဒီယာရွာနဲ့ ဥက္ကံကျေးရွာကို စက်တင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လည် ၁နာရီခွဲအချိန်မှာ တံတားဦးနဲ့ မိတ္ထီလာလေတပ်က တက်လာတဲ့ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရမှု မှာ ကလေးငယ်တွေအပါအဝင် အမျိုးသား၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ တဦးက ဆိုင်ကယ်မောင်း နေရင်းမှန်တာ။ခေါင်းပြတ်ထွက်သွားတယ်။ခေါင်းပါ ရှာမတွေ့တော့ဘူး” လို့ Wetlet information Network က ကိုနဂါးလေးက ပြောပါတယ်။
စစ်ကောင်စီက ပေါင်၅၀၀နဲ့ ပေါင် ၃၀၀ဗုံးတွေ ကြဲချခဲ့တာလို့ သိရပါတယ်။
စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကို တရစပ်လေကြောင်းတိုက်ခိုက်နေပြီး စက်တင်ဘာ ၁၃ ရက်ကလည်း မတ္တရာမြို့နယ်၊အင်ကြင်းမြိုင်ရွာအနီး လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့ပါတယ်။

















































