close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသက်ဆိုးရှည်နေသရွေ့ တနိုင်ငံလုံးအသက်အိုးအိမ်များ အာမမခံနိုင်ဖြစ်နေမည်ဟု ASU နှင့် ကျောင်းသားလူငယ်အဖွဲ့များ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်က ကျောက်တော် မြို့နယ် သရက်တပင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့၍ ကျောင်းသား၊ကျောင်းသူ များစွာ သေဆုံးထိခိုက်ခဲ့ရသည့် ဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ASU)နှင့် အခြားလူငယ်ကျောင်းသားအဖွဲ့များက ယနေ့ (စက်တင်ဘာ ၁၄ရက်)တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ ကလေးငယ်များ။ ဓာတ်ပုံ - AA

စက်တင်ဘာ-၁၄၊ ၂၀၂၅။ သက်ဝေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ကျောက်တော် မြို့နယ် သရက်တပင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့၍ ကျောင်းသား၊ကျောင်းသူ များစွာ သေဆုံးထိခိုက်ခဲ့ရသည့် ဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ASU)နှင့် အခြားလူငယ်ကျောင်းသားအဖွဲ့များက ယနေ့ (စက်တင်ဘာ ၁၄ရက်)တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်သည် စစ်တပ်သက်ဆိုးရှည်နေသရွေ့နိုင်ငံတဝန်း အသက်အိုးအိမ်စည်းစိမ်များ အာမခံချက်မရှိကြောင်းပြသနေခြင်းဖြစ်ဟု မီးမောင်းထိုးဖော်ပြသည်။

စက်တင်ဘာ ၁၂ရက်တွင် သရက်တပင်ကျေးရွာရှိ ‘ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမြင်သစ် ဘော်ဒါဆောင်’အား စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ ၂၀ဦးသေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရရှိသူ ကျောင်းသူ၊ကျောင်းသားပေါင်း ၂၁ဦးရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“နယ်ချဲ့အကြမ်းဖက်စစ်ကောင်စီ (စစ်ကော်မရှင်)၏ လူမဆန်စွာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုချလိုက်သည်”ဟု ကျောင်းသားလူငယ်အဖွဲ့များ၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

စစ်ကောင်စီ၏ သက်ဆိုးရှည်တည်မြဲနေသရွေ့ အာရက္ခပြည်တွင်း၌သာမက မြန်မာတစ်နိုင်ငံလုံး၏ ပြည်သူလူထုအခွင့်အရေး၊ ကျောင်းသားထုအခွင့်အရေးနှင့် အသက်အိုး အိမ်များအတွက် အာမ မခံနိုင်ကြောင်း ပြသနေသော ဖြစ်စဉ်တစ်ခုဖြစ်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထိခိုက်သေဆုံးခဲ့ရသည့် ကျောင်းသား၊ကျောင်းသူများ အမှန်တရားနှင့်တရားမျှတမှုရရှိရေး၊ နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီအဆုံးသတ် နိဂုံးချုပ်နိုင်ရေးအတွက် မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ရသေ့တောင်မြို့ ထွန်းရဝေကျေးရွာ၊ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်၊ မင်းပြားမြို့ ကျောက်ခုတ်ကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံတဝန်း ဗုံးကြဲခံရသည့် ဖြစ်စဉ်များသည် စစ်ကောင်စီ၏ သူရဲဘော ကြောင်မှု၊ လူသားမဆန်မှု၊ အကြမ်းဖက်ရက်စက်မှု၊ ပြည်သူထူထုနှင့် ကျောင်းသားထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပြီး ယင်းသို့ ကြိမ်ကြိမ်အခါခါ ကျူးလွန်လျှက် ရှိနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ဟု ဖော်ပြသည်။

လွတ်လပ်စွာပညာသင်ကြားခွင့်သည် ကျောင်းသား၊ကျောင်းသူများ၏ မွေးရာပါအခွင့်အရေးဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ပညာသင်ကြားပေးနေသော စာသင်ကျောင်းများအား ပစ်မှတ်ထား ဗုံကြဲ တိုက် ခိုက်ခြင်းသည် စစ်ကောင်စီ၏ မင်းမဲ့စရိုက်ဆန်ဆန် လူမျိုးတုန်းသတ် ဖြတ်မှုအား အရှက်တရားကင်းမဲ့စွာ စစ်ရာဇဝတ်ဆက်တိုက်ကျူးလွန်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် အာရက္ခပြည်အတွင်း စစ်ရှုံးနေခြင်းကို ၎င်းလုပ်ရပ်များက ဖော်ပြနေကြောင်းလည်း ထုတ်ပြန်သည်။

နိုင်ငံတကာအဖွဲအစည်းများ အနေဖြင့်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ်ကျူးလွန်နေသော ရာဇဝတ်မှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း ဖော်ပြသည်။

ယခုထုတ်ပြန်ချက်ကို ကရင်နီပြည်ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ်တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲချုပ်)၊ MRO University Students Association (MUSA)၊ ဧရာဝတီလူငယ်များသမဂ္ဂ (AYU)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ (PSU)တို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ကျောင်းသား တဦး ထပ်မံ သေဆုံးခဲ့လို့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀ဦး ရှိလာကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာရက္ခတပ်တော်(AA)ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ်တွေ၊စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ အထိနာခဲ့ပြီး အဲ့ဒီထဲမှာ အပူရုပ်ကို ဟန်လုပ်နေရတဲ့ တပ်မတစ်ခုရှိနေပါတယ်။

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘော်ဒါဆောင်ကျောင်းကို ညနက်သန်းခေါင် တိုက်ခိုက်မှုကြောင့် အိပ်ပျော်နေတဲ့ ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရရှိတဲ့ သတင်းတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

■ပြစ်ဒဏ်ကျူးလွန်သူ၊ ​စေခိုင်းသူ၊ ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိ​ပေး စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများကိုစစ်ကောင်စီကစက်တင်ဘာ ၁၂ရက်နံနက်အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း​သေဆုံး ၊ဒဏ်ရာရခဲ့​သော ​ကျောင်းသား၊​ကျောင်းသူများ၏ အမည်၊ဓါတ်ပုံ နှင့် အချက်အလက်အ​သေးစိပ်ကို ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခတပ်​တော် (AA)ကထုတ်ပြန်လိုက်သည်။ လတ်တ​လောအထိ​သေဆုံးခဲ့​သော​ကျောင်းသား၊​ကျောင်းသူ ၁၉...