close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲဧရိယာ ပိုကျယ်လာ၊စစ်တပ်စစ်ကြောင်းနှင့်လက်နက်ကြီးအန္တရာယ် KIA သတိပေး

ဖားကန့်တွင် စစ်ကောင်စီမူလတပ်စွဲထားသည့် နေရာများအပြင် ကျေးရွာဆယ်ရွာထက်မနည်း၌ စစ်ကြောင်းများရှိနေပြီး ဒေသတစ်ခုလုံးအတိုင်းအတာအားဖြင့် စစ်ရေးတင်းမာနေကြောင်း KIA၊KPDF တပ်ဖွဲ့ဝင်များက ပြောသည်။

ဖားကန်သို့​​ရောက်လာ​သော စစ်တပ်စစ်​​ကြောင်းကို သြဂုတ်လက ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ-၈၊၂၀၂၅။လူအေး/People’s Spring

ဖားကန့်တွင် စစ်ကောင်စီမူလတပ်စွဲထားသည့် နေရာများအပြင် ကျေးရွာဆယ်ရွာထက်မနည်း၌ စစ်ကြောင်းများရှိနေပြီး ဒေသတစ်ခုလုံးအတိုင်းအတာအားဖြင့် စစ်ရေးတင်းမာနေကြောင်း KIA၊KPDF တပ်ဖွဲ့ဝင်များက ပြောသည်။

ယခင်က ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့ကဲ့သို့ နေရာအချို့တွင်သာ တပ်စွဲထားနိုင်သည့် စစ်‌တပ်သည် ပြီးခဲ့သည့် ဇွန်လဆန်း နှင့် ဩဂုတ်လဆန်းတွင် အင်အားအများအပြားဖြင့်စစ်ကြောင်းများဝင်ရောက်လာပြီး နေရာအများစု၌ တပ်စွဲထားခြင်းဖြစ်သည်။

“အခုနောက်ဆုံးအခြေအနေက ဖားကန့်ရဲ့ နေရာတော်တော်များများမှာစစ်ကြောင်းတွေရှိနေတယ်။ အဖြူအမဲကွဲအောင်တိုက်ရမယ့်အခြေအနေပါ။ စကစစစ်ကြောင်းတွေက တဖြေးဖြေး ရှေ့ကိုတိုးလာနေတော့ တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်ဖို့ရှိပါတယ်” ဟုKPDFတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည်စက်တင်ဘာလ၈ရက် နံနက်ပိုင်း၌ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နှင့် ယူမာကျေးရွာတို့တွင် စစ်ကြောင်းများရှိနေပြီး ဒေသခံများသည် စစ်ကြောင်းသတင်းနားစွင့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။

“စစ်ကောင်စီစစ်ကြောင်းရှိတဲ့ရွာတွေမှာ နေ့တိုင်းတိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်လည်း ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆန်းကြွယ်ကျေးရွာတွင် စက်တင်ဘာလ ၆ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို KIA၊KPDFက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီစစ်ကြောင်း ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု KPDF နှင့် နီးစပ်သူတစ်ဉီးက ပြောသည်။ ထို့အပြင် တိုက်ပွဲတွင်အထိနာပြီးနောက် အရပ်သားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသည်ဟု ၎င်းကပြောသည်။

“ဖားကန့်ကိုရောက် စစ်ကြောင်းက ပရမ်းပတာဖြစ်နေတယ်။ မဲမဲမြင်ရာ ပစ်နေတာ။ ဒေသခံတွေက ဘယ်လိုမှ နေလို့မရဘူး။ညကဆိုလည်းလမ်းသွားလမ်းလာတွေကို လိုက်ပစ်တာ” ဟု ဆန်းကြွယ်ရွာဒေသခံတစ်ဦးကပြောသည်။

စက်တင်ဘာ ၇ ရက်ညက စစ်တပ်က သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသမီးအချို့အပါအဝင်ငါးဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။စစ်ကောင်စီစစ်ကြောင်းတွင် စစ်မှုထမ်းသင်တန်းဆင်းများနှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်များပါဝင်ပြီး ၎င်းတို့သည် မူးယစ်ဆေးသုံးကာဆေးကြောင်ပြီး သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဖားကန့်တွင်ယခုရက်ပိုင်းအတွင်းစစ်တပ်က လက်နက်ကြီးများပိုမိုအသုံးပြု၍တိုက်ခိုက်နေပြီး အရပ်သားပြည်သူများအနေဖြင့် လုံခြုံရေးပိုင်းအထူးသတိပြုကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လယ်ပိုင်းတွင် အသိပေးသည်။

ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာပြီး‌နောက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၃လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၅၀ဦးခန့်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီးဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက်စက်သေ နတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ယနေ့ (စက်တင်ဘာ ၅ရက်) နံနက်တွင် ပြန်လည် ထွက်ခွာသွားသည့် စစ်သင်္ဘောများအား ရွှေကူမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူအင်အား၊ စစ်လက်နက်ခဲယမ်းများပို့ဆောင်သည့် စစ်သင်္ဘောအုပ်စု ယနေ့(စက်တင်ဘာ ၅ရက်)နံနက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

သတင်း

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

Trending

Facebook