close
Connect with us

Hi, what are you looking for?

သတင်း

ဝိုင်း‌မော်တ်ိုက်ပွဲ စစ်တပ်စစ်ကြောင်း အထိနာ ၊ စစ်သုံ့ပန်းအချို့ကို KIA၊ KPDF ဖမ်းမိ

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

KIA တပ်ဖွဲ့ဝင်အချိူ့ ။ဓါတ်ပုံ-File photo

စက်တင်ဘာ-၅၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်မှစတင် ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပြင်းထန်‌နေသည်။ စက်တင်ဘာလဆန်းပိုင်း၌တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်​ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“သေဆုံးတဲ့ စစ်သားအ‌ရေအတွက်အတိအကျမသိဘူး။အရှင်မိထားတာကရှစ်ယောက်ဟုတ်တယ်။ တိုက်ပွဲနောက်ဆုံးအခြေအနေက မြေပြင်မှာထက် လက်နက်ကြီးအဓိကပစ်နေတယ်။ တင့်ကားတွေနဲ့ကော ပစ်နေတာ” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၄ ရက်ည​နေ ၆နာရီခန့်အထိ စစ်ကောင်စီက လက်နက်ကြီးများပစ်ခဲ့ပြီး ညပိုင်းတွင်တိုက်ပွဲငြိမ်သက်နေသည်ဟုသိရသည်။

ဩဂုတ်လ‌နှောင်းပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်က လမြန်ရွာအပါအဝင် ဘေးပတ်ဝန်းကျင်စွာများကို လေကြောင်းမှမကြာခဏ ဗုံးကြဲခဲ့သည်။ဝိုင်း‌မော်မြို့နယ် ၊နမ့်ဝါရွာကိုဩဂုတ်လ ၃၁ရက်နေ့ ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင်မိသားစုဝင်ငါးဦးဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

တိုက်ပွဲသည် ဝိုင်းမော်မြို့ပေါ်မှ ဆယ်မိုင်ခန့်အကွာတွင်ဖြစ်နေခြင်းဖြစ်သည်။လမြန်ရွာပတ်ဝန်းကျင်ကို လေကြောင်းအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ လက်နက်ကြီးများနေ့စဉ်ပစ်ခတ်နေသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမို လုပ်ဆောင်နေသည်ဟု Kachin Human Rights Watch – KHRW ကလည်း ထုတ်ပြန်ထားသည်။

ဝိုင်းမော်ဒေသတိုက်ပွဲသတင်းကို KIAက အသေးစိတ်ထုန်ပြန်ခြင်းမရှိသေးသော်လည်းစစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အင်အားသုံးပစ်ခတ်နေ၍ လုံခြုံရေးသတိပြုကြရန် ဒေသံများအား သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူအင်အား၊ စစ်လက်နက်ခဲယမ်းများပို့ဆောင်သည့် စစ်သင်္ဘောအုပ်စု ယနေ့(စက်တင်ဘာ ၅ရက်)နံနက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

သတင်း

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ချီတက်ဖို့ စစ်တပ်က အာရှလမ်းမကြီး လမ်းဟောင်းနဲ့ လမ်းသစ်ကနေ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေရာ စစ်တပ်အထိနာနေပြီး ရှေ့တိုးမလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လုံခြုံသည့်နေရာများ စီစဉ်ထားရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်နှင့်ဝိုင်းမော်မြို့နယ်၌စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု၊မြေပြင်စစ်ကြောင်းထိုးမှုများဖြင့် ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်နေ၍ခုခံတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိဟုကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။