close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ပြန်စစ်သင်္ဘောအုပ်စုပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၁၁ဦးသေဆုံး

ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီတပ်များထံစစ်လက်နက်အင်အားဖြည့်တင်းပြီး နောက်ပြန်လာသည့် စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်သို့ ဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့သို့ ဆန်တက်သည့် စစ်သင်္ဘောများကို ဧရာဝတီပူး​ပေါင်းစစ်​ကြောင်းက တိုက်ခိုက်နေစဥ် ဓာတ်ပုံ-NUG MOD

စက်တင်ဘာ−၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီတပ်များထံစစ်လက်နက်အင်အားဖြည့်တင်းပြီး နောက်ပြန်လာသည့် စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်သို့ ဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။

စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်ဖြတ်သန်းစဉ် လုံခြုံရေးပေးရန် လိုက်ပါလာသည့် Y12 လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့၍ စက်တင်ဘာ ၆ရက် နှင့် ၇ရက်တွင် ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ဟု ဆိုသည်။

စစ်သင်္ဘောများ ထီးချိုင့်မြို့နယ် ဖြတ်သန်းစဉ် တိုက်ခိုက်ခံရခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခြင်း ၊လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရ၍ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှ ပြည်သူ ၅ဦး၊ ကျောက်မှော်ရွာမှ ၁ဦး၊ ဘိုကုန်းမှ ၃ဦးနှင့် ဝဲကြီးကျေးရွာမှ ပြည်သူ၂ဦးစုစုပေါင်းပြည်သူ ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ဟု Tigyaing Revolutionက အသိပေးသည်။

စစ်သင်္ဘောအုပ်စုသည်ဗန်းမော်သို့အသွားတွင်လည်းလက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ လမ်းတလျှောက် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ယနေ့ (စက်တင်ဘာ ၅ရက်) နံနက်တွင် ပြန်လည် ထွက်ခွာသွားသည့် စစ်သင်္ဘောများအား ရွှေကူမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူအင်အား၊ စစ်လက်နက်ခဲယမ်းများပို့ဆောင်သည့် စစ်သင်္ဘောအုပ်စု ယနေ့(စက်တင်ဘာ ၅ရက်)နံနက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်နှင့်ဝိုင်းမော်မြို့နယ်၌စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု၊မြေပြင်စစ်ကြောင်းထိုးမှုများဖြင့် ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်နေ၍ခုခံတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိဟုကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဩဂုတ် ၂၄ရက်ကစ၍တကျော့ပြန် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၂၇ရက်ညပိုင်း၌ သတင်းဖော်ပြသည်။