ဩဂုတ်−၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ထားဝယ်မြို့နယ်၊ မေတ္တာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော်(DNLA) ဒူရကစစ်ကြောင်က သတင်းထုတ်ပြန်သည်။
ဒုရဲအုပ် သန်းနိုင်ထွန်းသည် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းလိုတော့၍ ဩဂုတ် ၂၉ရက်တွင် DNLA ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ အလင်းဝင်လာသူသည် G3 ၁လက်၊ ကျည်ဘောက် ၂ခု၊ ကျည် ၂၀၀ ကျော် ယူဆောင်လာရာ ၎င်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ဂုဏ်ပြုပေးခဲ့သည်ဟု အသိပေးသည်။
ယခု အလင်းဝင်လာသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး DNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်းဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“၂ယောက်ကတော့ လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တာပါ။ သူတို့အားလုံးကို ဆုကြေးငွေ အသီးသီးပေးအပ်ခဲ့ပြီး သူတို့ သွားလိုတဲ့ လွတ်မြောက်နေရာတွေကို ပို့ပေးခဲ့ပါတယ်။” ဟု ဒူရက စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးနှင့် စစ်ရေး အရှိန်မြှင့်လာသည်နှင့်အမျှ ပြည်သူ့ဘက် အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပါဝင်ပေးကြရန်လည်း ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။












































