close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက​လေ​ကြောင်းကကုန်ပစ္စည်းတင်သွင်းမှု​တွေကိုပါကန့်သတ် ကုန်တင်​လေယာဥ်ဝန်​ဆောင်မှုအချို့ရပ်နား

စစ်​ကောင်စီက နယ်စပ်ကုန်သွယ်ရေလမ်းကြောင်းတွေအပြင် လေကြောင်းကနေပါ ကုန်ပစ္စည်းတင်သွင်းတာကိုပါ ကန့်သတ်လိုက်တာကြောင့် ထိုင်း-မြန်မာကုန်တင်လေယာဥ်ဝန်ဆောင်တဲ့ လုပ်ငန်းအချို့ ရပ်နားကြောင်း ကြေညာပါတယ်။

MAI ​လေယာဥ်တစ်စီး​ပေါ် ကုန်တင်​ဆောင်​နေစဥ်။ဓါတ်ပုံ-MAI

သြဂုတ်-၂၄၊ ၂၀၂၅။ရဲ​ခေါင်၊သတိုး /People’s Spring

စစ်​ကောင်စီက နယ်စပ်ကုန်သွယ်ရေလမ်းကြောင်းတွေအပြင် လေကြောင်းကနေပါ ကုန်ပစ္စည်းတင်သွင်းတာကိုပါ ကန့်သတ်လိုက်တာကြောင့် ထိုင်း-မြန်မာကုန်တင်လေယာဥ်ဝန်ဆောင်တဲ့ လုပ်ငန်းအချို့ ရပ်နားကြောင်း ကြေညာပါတယ်။

“Aircargoတွေကအစနားကုန်ပါပီ(All countriesပါ) လျာထားတဲ့ kg(ကီလိုဂရမ်)ဝယ်ပီး bookingလုပ်ထား shipmentတွေကလွဲပြီး လာမယ့်ပတ်အသစ်တင်မယ့်ပစ္စည်းအကုန် ခဏ Hold လုပ်ထားရပါတယ်။အခြေအနေတွေကအတော့်ကို ဆိုးနေလို့ပါ”လို့ ထိုင်းကနေ မြန်မာပြည်ထဲ ပစ္စည်းပို့ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ က နေ မြန်မာနိုင်ငံကို ကီလိုအများပို့ ဆောင်တဲ့ (စီးပွါးရေးလုပ်ငန်းသုံး) တင်ပို့တာကို ခေတ္တခဏ ရပ်နားမယ်လို့ Cargo လုပ်ငန်းတစ်ခုကလည်းသြဂုတ် ၂၃ ရက်​နေ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန်ကီလိုအနည်းပို့ဆောင်တာကိုတော့ နဂိုအတိုင်း တစ်ပတ်တစ်ခါ ပို့ဆောင်နိုင်မယ်လို့တော့ အသိ​​​ပေးပါတယ်။

“နိုင်ငံတော်တော်များများ air cargo တွေ က Yangon လေဆိပ်ကိုတန်းမရောက်ပါဖူး။အကုန် Thai ကနေပဲ transit ဖြတ်ပြီးမှ ရောက်တာပါ။ အခု Thai ဘက်ကိုအကုန်ကြပ်နေမှတော့ ပစ္စည်းတွေကဘယ်လိုရောက်မလဲ။ရန်ကုန်လေဆိပ်အထွက် Xray မှာစစ်တာမှမြင်မကောင်း ကြိုးအနီချည်ပြီးတစ်ကိုယ်ရည်သုံးထက်ပိုတာသိမ်းပါတယ်”လို့ လေကြောင်းကနေ ကုန်ပစ္စည်းပို့နေသူတဦးကပြောပါတယ်။

ထိုင်းကုန်ပစ္စည်းတွေ အဓိကတင်သွင်းတဲ့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်​ရေးတံတားကိုလည်း စစ်ကောင်စီက ဩဂုတ် ၁၈ ရက်ကစပြီး ထိုင်းအစိုးရကို အသိမ​ပေးပဲပိတ်လိုက်ပါတယ်။

သွားတိုက်တံ၊သွားတိုက်ဆေး နဲ့ ဆပ်ပြာ တွေကစလို့ လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို ပြည်ပကနေ တင်သွင်းတာကို စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေကြီး ကြပ်ရေးကော်မတီက ပိတ်ထားပါတယ်။

“Lactasoy လို ကလေးပဲ နို့က အစ ထိုင်းထုတ်ပစ္စည်းတွေ စျေးကွက်ထဲ ရှာမရတော့ဘူး။ငံပြာရည်ဘူးတော့ ရှိတယ်။ဒါပေမယ့်စျေးက အရင်တုန်းက လေးထောင်လောက်ပေးရတဲ့ပစ္စည်းက အခု တစ် သောင်းလောက်ဖြစ်သွားပြီ”လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

“ထိုင်းဘက်ကဝင်တဲ့ ဆပ်ပြာမှုန့် ကြာ‌ပန်း ဆို ဈေးဝယ်စင်တာတွေမှာ ပစ္စည်းပြတ်နေတယ်။ ရပ်ကွက်ထဲမှာတော့ အရင် လေးထောင်ကျော်ကနေ ဟိုရက်က ၆၀၀၀ ၊ အခုရက် ၇၀၀၀ ဖြစ်သွားတယ်။ ဆက်တိုက် တတ်နေတာ”လို့ ကမာရွတ်မြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်းပြောပါတယ်။

ဒါအပြင် မားဗီးရက်စီးကရက်လက်ဟောင်းတစ်ဘူးလျှင် ‌ကျပ်တစ်သောင်းအထိ ​ဈေးတက်လာတယ်လို့တက္ကစီယာဉ်မောင်းတစ်ဦးကပြောပါတယ်။အရင်ကမာဗီးရက်တစ်ဘူးကို၄၈၀၀ ကျပ်နဲ့ ရောင်းဖို့ကုမ္ပဏီဘက်မှ သတ်မှတ်ထား​ပေမယ့် ဈေးကွက်မှာရှားပါးလာတဲ့အတွက်ဈေးတက်လာတာလို့သူကဆက်​ပြောပါတယ်။

နယ်စပ်နဲ့လေကြောင်းကနေ ကုန်ပစ္စည်းတင်ပို့တာကန့်သတ်လိုက်တဲ့စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးကို အ

ကြောင်းပြပေမယ့်အဓိကတော့တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ရဲ့ ဝင်ငွေစီးဆင်းမှုကို အားနည်းအောင် ၊ ပြည်သူ​တွေကြပ်တည်းရင် ​​တော်လှန်​ရေးအဖွဲ့​တွေပါ ကြပ်တည်းမယ်ဆိုပြီး လုပ်တာလို့ စီးပွားရေးလုပ် ငန်း ရှင်တွေကသုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်ရေး ထိခိုက်ပြတ်တောက်မှုတွေက ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအပေါ် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လွယ်ဂျယ် နှင့် မိုင်ဂျာယန်နယ်စပ်ဂိတ်မှ လူသုံးကုန် နှင့် စားဆီ သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဖက်မှ ခွင့်ပြုလိုက်ကြောင်း ဒေသခံများကပြောသည်။

သတင်း

လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးပစ္စည်းများအားလုံးကို မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုကို တရုတ်နိုင်ငံဘက်က ပိတ်ပင်လိုက်ကြောင်း နှစ်နိုင်ငံနယ်စပ်မှ ကုန်သည်အချို့ကပြောသည်။

သတင်း

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်‌သော ကန်ပိုက်တီနယ်ကုန်သွယ်​ရေးစခန်းတွင်တာဝန်ကျနေသည့်ဒုတိယဗိုလ်မှူးကြီးလှမိုးကို ဇူလိုင်လ ၂၄ရက်တွင် နေပြည်တော်မှ တိုက်ရိုက်လာရောက် ဖမ်းဆီးခြင်းဖြစ်​ကြောင်းကန်ပိုက်တီဒေသခံတစ်ဦးကပြောသည်။