သြဂုတ်-၂၀၊၂၀၂၅။လူအေး/People’s Spring
ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့်မြေငလျင် လှုပ်ရှားသွားပြီးရန်ကုန်တွင်လည်းခံစားလိုက်ရသည်။
ဩဂုတ်လ ၂၀ရက်ည ၇နာရီ ၁၆ မိနစ်တွင်မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးတွင် မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။
အဆိုပါ ငလျင်ကို ရန်ကုန်မြို့တွင်ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဒဂုံ၊ကမာရွတ်နှင့်စမ်းချောင်းမြို့နယ်တို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။

Public Service Announcement
“တစ်ချက်တည်းပဲ။သိသာတယ်”ဟုစမ်းချောင်းမြို့ခံတစ်ဦးကပြောသည်။
ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့်ငလျင်လှုပ်နိုင်သလိုဒေးဒရဲပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့တွင် ငလျင်လှုပ်စေကြောင်းမြေငလျင်ပညာရှင်များကပြောထားသည်။
ယနေ့ ညနေလှုပ်ခတ်ခဲ့သောမြေငလျင်သည် မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးတွင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကလည်း ထုတ်ပြန်ထားသည်။












































