close
Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမှာဆေးရုံဝင်းကိုစစ်တပ်ကဗုံးကြဲ အမျိုးသမီးတဦးသေဆုံး ၊ ၃ ဦးထက်မနည်းဒဏ်ရာရ၊ သပိတ်ကျင်းမှာတိုက်ပွဲ ပြင်းထန်​နေ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ပျက်စီးခဲ့သော အဆောက်အအုံအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန်-၉၊ ၂၀၂၅။ မေရီ၊​မေ/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

ဇွန် ၉ ရက်နံနက် ၅ နာရီခွဲခန့်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးတလုံး ကြဲခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

“ဈေးထဲက မိန်းခလေးနှစ်ယောက်မှာ တယောက်က လက်ပြတ်တယ်။ တယောက်က သေဆုံးသွားတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတဦးက”ဆေးရုံအ ဆောက်အဦး တွေလည်းပျက်သွားတယ်။အခု တလောဆေးရုံ၊ရဲစခန်းအကုန် နေရာအတိအကျနဲ့ကြဲ နေတာ”လို့ပြောပါတယ်။

စဥ့်ကူးမြိူ့နယ်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေးက ၂၀၂၄ ဇူလိုင် ၁၇ ရက်​​နေ့မှာအပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ် ။

ဇွန်လ(၈)ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊လက်ပန်လှရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဇွန်လ (၁) ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်က စာသင်ကျောင်း၊ ဟိုတယ် နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင်စဉ့်ကူးမြိုနယ်ရဲ့မြောက်ဘက်ကသပိတ်ကျင်းမြို့နယ်ကိုလည်းစစ်တပ်ကနေ့စဉ်ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

“တမနက်ထဲကိုအကြိမ်၂၀ကျော်လေကြောင်းတိုက်တယ်။တောက်လျှောက်ခေါင်းပေါ်မှာ လေယာဉ် တွေဝဲ နေတာ။တိုက်ပွဲလည်း ပြင်းထန်နေတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊မိုးကုတ်-မန္တလေး လမ်းမပေါ်က ၇မိုင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကြဲချကာအဲဒီနောက်မှပေါင်၅၀၀၊ပေါင်၃၀၀ဗုံး တွေကြဲချ နေတာလို့သိရပါတယ်။

စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာ တွေကို လေ‌‌ယာဉ်နဲ့ ဗုံးကြဲကာ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေပြုလုပ် နေပြီး စဉ့်ကူး၊မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို စစ်တပ်က တရစပ် လေ ကြောင်းတိုက်ခိုက်တာတွေပြုလုပ် နေပါတယ်

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Public...

သတင်း

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာအား မေလ ၁၈ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင် ပကဖ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို မနေ့ညပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၄လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။