close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးပူးပေါင်းတပ် ရှစ်ရက်အတွင်း သိမ်းပိုက်

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို တော်လှန်ရေးပူးပေါင်းတပ်က မေလ နောက်ဆုံးပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

နယ်စပ်ရှိ ဘလယ်ဒိုတပ်စခန်းအား မေလ ၂၃ရက်က သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - အေအေစီရဲမင်း

မော်ခီးနှင့် ဘုရင့်နောင်ကုန်းတပ်စခန်းကို ယနေ့နံနက်တွင် သိမ်းပိုက်ရရှိ

မေ ၃၀၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်က မေလ နောက်ဆုံးပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

မေလ တတိယပတ်တွင် တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီ​၏ လက်ကျန်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၃ရက်တွင် ဘလယ်ဒိုတပ်စခန်း၊ မေလ ၂၈ရက် တွင် ကနဲလေးတပ်စခန်း၊ မေလ ၂၉ရက်တွင် ရွှေအေးမြိုင်(ဝါးမီထ)တပ်စခန်း၊ မေလ ၃၀ရက် နံနက်တွင် ဘုရင့်နောင်တပ်စခန်းနှင့် မော်ခီးတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ KNDO၊PDF ပူးပေါင်းတပ်များ သိမ်းယူနိုင်ခဲ့သည့် တပ်စခန်း ၅ခုအနက် ဘလယ်ဒိုစခန်းနှင့် ကနဲလေးတပ်စခန်းမှ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ အလက် ၁၅၀ခန့် သိမ်းပိုက်ရှိခဲ့ပြီး ကျန်တပ်စခန်းသုံးခုမှာ စစ်ကောင်စီတပ်များ စခန်းစွန့်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်အချို့က ပြောသည်။

” မော်ခီးလည်းပါတယ်။ ရန်သူကတော့ ထွက်ပြေးနေတယ်လို့ သိရပါတယ်။ ရွှေအေးမြိုင်ကတော့ ဘာမှမရဘူးနော်။ သူတို့ကလည်း ထွက်ပြေးကုန်ပြီ။ ဘုရင့်နောင်လည်း ထွက်ပြေးနေတယ်။ ရန်သူကတော့ ထွက်ပြေးလိုက်တော့ စခန်းတွေ သွားရှင်းနေတာ” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KNUဗဟို အနေဖြင့် ဘလယ်ဒိုနှင့် ကနဲလေးတပ်စခန်း သိမ်းပိုက်နိုင်မှုကို သိမ်းဆည်းရရှိထားသည့် လက်နက်ခဲယမ်းများ ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ဘုရင့်နောင်ကုန်းတပ်စခန်းနှင့် တပြိုင်တည်း တိုက်ခိုက်ရာ ယနေ့ (မေလ၃၀ရက်)နံနက်တွင် ဘုရင့်နောင်ကုန်းတပ်စခန်းနှင့် မော်ခီးကျေးရွာရှိ စစ်ကောင်စီ​၏ နယ်ခြားတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

ဘုရင့်နောင်ကုန်းတပ်စခန်းသည် နယ်စပ်တွင် အမြင်​ပေ ပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ ၄၁၆၀ ( ၁၂၆၈ မီတာ)​ကျော်တွင် တည်ရှိ​ကာ စစ်တပ် အခိုင်အမာစခန်းဖြစ်ပြီး စတင်အ​ခြေချပြီး​နောက်ပိုင်း ကရင်​တော်လှန်​ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူး​သော်လည်း မသိမ်းပိုက်နိုင်ခဲ့ဘူး​ပေ။

ယနေ့နံနက်က သိမ်းပိုက်ရသော မော်ခီးတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၂၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် မေလ ၂၈ရက်တွင် တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့သည်။

မော်ခီး၊ ရွှေအေးမြိုင်နှင့် ဘုရင့်နောင် တပ်စခန်းများအနက် ဘုရင့်နောင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ထိုင်းဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ရွှေအေးမြိုင်တပ်စခန်းမှ စစ်ကေင်စီတပ်သားများသည် ဥကရစ်ထ(အူးကလေထာ) စခန်းသို့ ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု ကရင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြ၀တီမြို့ တောင်ဘက် မြန်မာ-ထိုင်းနယ်စပ် တလျှောက် နယ်စပ်စခန်းများကို KNU ပူးပေါင်းတပ်က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ ဝေါ်လေဗျူဟာစခန်း ၊ သေ့ဘောဘိုးစခန်း၊ ဥကရစ်ထစခန်းတို့သာ ကျန်ရှိတော့သည်။

အဆိုပါ တပ်စခန်းများကိုလည်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ်အတွင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ( K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၇၀ ကျော် တက်ရောက်ခဲ့ကြောင်း KNUမြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောအယ်ထီးကော်က ပြောသည်။

သတင်း

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် နဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

သတင်း

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကနဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

သတင်း

မြန်မာနိုင်ငံဘက်ကနေ ဘတ်ငွေ ၁၈ သန်းနီးပါးဖိုး ငွေသားတွေကို နယ်စပ်ဖြတ်ကျော် မှောင်ခို တင်သွင်းခဲ့မှုအတွက် ထိုင်းနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။