မေ – ၃၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုဖျက်လက်စတိုက်ပြိုကျပြီး အမျိုးသားနှစ်ဦးထိခိုက်မှုရှိတယ်လို့ မီးသတ်ထံကသိရပါတယ်။
စျေးချိုအနီး ၂၆လမ်း၊ ၈၆လမ်းနဲ့ ၈၇လမ်းကြားရှိ ဖြိုလက်စတိုက်တစ်လုံး ဒီနေ့ နေ့ခင်းပိုင်း ၁နာရီ မိနစ် ၄၀ မိနစ် မှာပြိုကျခဲ့တာလို့ သိရပါတယ်။
တိုက်ပြိုကျချိန် ဆောက်လုပ်ရေး လုပ်သား အမျိုးသား နှစ်ဦးရဲ့ခြေထောက်ပိမိပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Public Service Announcement
မန္တလေးမှာဒီနေ့ မနက်ပိုင်းကစတင်ကာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်နေတာပါ။ ရာသီဥတုမကောင်းပေမယ့် ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်စေဖို့အတွက် ငလျင်ဒဏ်သင့်အဆောက်အဦးတွေကို နေ့စဥ်ဖြိုဖျက်နေရတာတွေ့ရပါတယ်။
ငလျင်ကြီးဒဏ်ကြောင့် စျေးချို အနီး ၂၆ လမ်းမပေါ်တစ်လျှောက်ရှိ ဘဏ်တွေ အပါအဝင် အဆောက်အဦး အများစု ပြိုကျပျက်စီးခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်း မေလ ၂၈ရက်ကလည်း မန်းမြို့စျေးအနီး ၈၄လမ်း၊ ၃၉လမ်းနဲ့ ၄၀လမ်းကြားရှိ ငလျင်ဒဏ်သင့် လေးထပ်တိုက်အဆောက်အအုံပြိုကျခဲ့ပါသေးတယ်။ အဲဒီတိုက်ပြိုကျမှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။
















































