close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် ဖြိုလက်စတိုက်ပြိုပြီး အမျိုးသားနှစ်ဦးဒဏ်ရာရ

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုဖျက်လက်စတိုက်ပြိုကျပြီး အမျိုးသားနှစ်ဦးထိခိုက်မှုရှိတယ်လို့ မီးသတ်ထံကသိရပါတယ်။

မေ – ၃၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုဖျက်လက်စတိုက်ပြိုကျပြီး အမျိုးသားနှစ်ဦးထိခိုက်မှုရှိတယ်လို့ မီးသတ်ထံကသိရပါတယ်။

စျေးချိုအနီး ၂၆လမ်း၊ ၈၆လမ်းနဲ့ ၈၇လမ်းကြားရှိ ဖြိုလက်စတိုက်တစ်လုံး ဒီနေ့ နေ့ခင်းပိုင်း ၁နာရီ မိနစ် ၄၀ မိနစ် မှာပြိုကျခဲ့တာလို့ သိရပါတယ်။

တိုက်ပြိုကျချိန် ဆောက်လုပ်ရေး လုပ်သား အမျိုးသား နှစ်ဦးရဲ့ခြေထောက်ပိမိပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာဒီနေ့ မနက်ပိုင်းကစတင်ကာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်နေတာပါ။ ရာသီဥတုမကောင်းပေမယ့် ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်စေဖို့အတွက် ငလျင်​ဒဏ်သင့်အဆောက်အဦးတွေကို နေ့စဥ်ဖြိုဖျက်နေရတာတွေ့ရပါတယ်။

ငလျင်ကြီးဒဏ်ကြောင့် စျေးချို အနီး ၂၆ လမ်းမပေါ်တစ်လျှောက်ရှိ ဘဏ်တွေ အပါအဝင် အဆောက်အဦး အများစု ပြိုကျပျက်စီးခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း မေလ ၂၈ရက်ကလည်း မန်းမြို့စျေးအနီး ၈၄လမ်း၊ ၃၉လမ်းနဲ့ ၄၀လမ်းကြားရှိ ငလျင်ဒဏ်သင့် လေးထပ်တိုက်အဆောက်အအုံပြိုကျခဲ့ပါသေးတယ်။ အဲဒီတိုက်ပြိုကျမှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ ဒဿမ ၄အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (မေလ ၃၀ရက်) နေ့ခင်းပိုင်းက လှုပ်ရှားသွားသည်။

သတင်း

မန္တလေးမြို့လယ်က ငလျင်ဒဏ်သင့်ထားတဲ့ လေးထပ်တိုက်ပြိုကျပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

နှစ်လကြာတဲ့တိုင် ပြိုကျအ​ဆောက်အအုံရှင်းလင်း​ရေး​​လုပ်တာ ၊အ​လောင်း​တွေထုတ်တာမပြီး​သေးပဲစစ်​ကောင်စီဆီကအကူအညီအများစုမရကြ​​

သတင်း

မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။