close
Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ်မီးလောင်မှု အမျိုးသားတစ်ဦးသေဆုံး

စမ်းချောင်းမြို့နယ် မီးလောင်မှု မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − Myanmar Fire Services Department
စမ်းချောင်းမြို့နယ် မီးလောင်မှု မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − Myanmar Fire Services Department

သတိုး/People’s Spring

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ မွေ့ယာပေါ်တွင် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးသွားကြောင်း ယင်းနေရာသို့ သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အနောက်ပိုင်းခရိုင်မီးသတ်စခန်း၊ အလုံမြို့နယ် မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများနှင့်အတူ စမ်းချောင်းအရန်မီးသတ်မှ ရေထိုင်(မီးသတ်စက်တင်ယာဉ်)ထွက်ခွာကာ အနီးနားရှိ ကံမြင့်ကျောင်းတိုက်ငါးကန်မှ ရေယူကာ ရေမပြတ်စေရေး တိုက်ရိုက်ရေပေးစနစ်ဖြင့်ကူညီငြှိမ်းသတ်ပေးခဲ့ပါသည်။”ဟု စမ်းချောင်းမြို့နယ်အရန်မီးသတ်မှ တာဝန်ရှိသူက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကို မိနစ်သုံးဆယ်ခန့်ကြာ ငြှိမ်းသတ်ခဲ့ရ‌ ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး လူသေ ဆုံးမှုအပါအဝင်ဆုံးရှုံးမှူတန်ဖိုးနှင့် åပတ်သက်၍ သီးသန့်ထုတ်ပြန်ထားခြင်းမရှိပေ။

ရန်ကုန်မြို့တွင် ဝန်အားမမျှတသောကြောင့်ဟုဆိုကာ မီးခဏခဏ ပျက်နေသလို မီးအားအတတ်အကျ မမှန်သောကြောင့် လျှပ်စစ်မီးနှင့်ပတ်သက်၍ မပေါ့ဆကြရန် ပြည်သူအချင်းချင်းသတိပေးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒဏ်ရာရသူ လေးဦးလည်းရှိပြီး ခြေချောင်းလေးချောင်းပြတ်သွားသူနဲ့ တံ​ထောင်စစ်အောက်နေ လက်ပြတ်သွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

သတင်း

စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

သတင်း

ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

သတင်း

ဒဏ်ရာရသူများအနက် အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒီဇင်ဘာ ၂ ရက်နံနက်က ထပ်မံသေဆုံးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Facebook