close
Connect with us

Hi, what are you looking for?

သတင်း

ဝ နှင့် စစ်​ကောင်စီထိန်းချုပ်ထား​သော မိုင်းဆတ်​မြို့နယ်တွင် မြေရှားသတ္ထုတူး​ဖော်​နေ​ကြောင်းရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

စစ်ကောင်စီနှင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ် မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသ မိုင်းဆတ်မြို့၊မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတူး​ဖော်​နေသည် ကို တွေ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ယမန်နေ့ (မေလ၁၅ ရက်)တွင် ကြေညာသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်​သော မိုင်းဆတ်မြို့နယ်မှ ​မြေရှားတူး​ဖော်​နေ သည့်သတ္ထုတွင်း ၂ တွင်း / ကချင်ပြည်နယ်တွင်​မြေရှားတူး​ဖော်မှုနှင့် နှိုင်းယှဥ်ပြမှု / ယခင်က တည်းကရှိ​နေ​သော ​ရွှေတူး​ဖော်မှုများကို​တွေ့ရပုံ

​မေ-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီနှင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ် မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသ မိုင်းဆတ်မြို့၊မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတူး​ဖော်​နေသည် ကို တွေ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ယမန်နေ့ (မေလ၁၅ ရက်)တွင် ကြေညာသည်။

ဂြိုလ်တုဓာတ်ပုံများအရ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသ နှင့် မျက်နှာချင်းဆိုင်ရှိပြီး ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလိုမီတာ( ၁၅ မိုင်​ကျော်)သာ ကွာ၀ေးသော မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း ၂ ခု၏ ပုံရိပ်များကို ထင်ရှားစွာ ပြသနေသည်ဟု ဖော်ပြထားသည်။

အဆိုပါ မြေရှား သတ္တုတွင်းများမှ စွန့်ပစ် ပစ္စည်းများသည် နမ့်ခုတ်မြစ် အတွင်း သို့ စီး၀င်သော ရေအရင်းအမြစ်များကို ညစ်ညမ်းစေပြီး နယ်စပ်နှစ်ဘက်လုံးရှိ မြစ်အောက်ပိုင်းတွင် နေထိုင်သော ဒေသခံပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက် လာမည်ကိုစိုး ရိမ်ဖွယ်ရာဖြစ်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းများအရ နမ့်ခုတ်မြစ်အရှေ့ ဘက်မှ ၄ ကီလိုမီတာ(၂ မိုင်​ကျော်)ကွာ၀ေးသော အဆိုပါမြေရှားသတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ တင်ခဲ့ခြင်းဖြစ်ပြီးနမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာ(၁ မိုင်​ကျော်) ကွာဝေးသော မြေရှားသတ္တုတွင်းမှာမူ၂၀၂၄ နှစ်လယ်ပိုင်း တွင်စတင်ခဲ့ခြင်းဟု ကြေညာချက်၌ဖော်ပြသည်။

ထိုမြေရှားသတ္တုတွင်းများတည်ရှိရာမိုင်းယွန်းဒေသသည် မြန်မာစစ်ကောင်စီနှင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသဖြစ်ကြောင်းသိရသည်။

ဂြိုလ်တုဓာတ်ပုံများမှ ဖော်ပြသောပုံရိပ်များတွင် အဆိုပါသတ္တုတွင်းများ၏ပုံသဏ္ဍန်မှာ ကချင်ပြည်ရှိ တရုတ်ကုမ္ပဏီများမှ terbium (Tb) နှင့် dysprosium (Dy) တို့ကို ပမာဏများစွာတူးဖော်နေသာ မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အ၀ိုင်းများအား စီတန်းထားသည်ကိုတွေ့ရကြောင်း SHRF က​ရုပ်ပုံများနှင့်တကွ​ဖော်ပြထားသည်။

ကချင်ပြည်ရှိ မြေရှားသတ္တုတွင်းတူးဖော်မှုသည် သဘာ၀ပတ်၀န်းကျင်ကိုပြင်းထန်စွာထိခိုက်စေသော in situ leaching” နည်းလမ်းဖြင့်တူးဖော်ခြင်းဖြစ်ပြီး ၄င်းမှာ မြေရှားသတ္တုများကိုထုတ်ယူရန် တောင်များကို အပေါက်ဖောက်ကာ ပိုက်များများမှတစ်ဆင့် ဓာတု ပစ္စည်းများလောင်းထည့် ရခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ ဓာတုပစ္စည်းအရည်များကို ကန်အတွင်းသို့ ပြန်ထည့်သွင်းပြီး အခြားဓာတုပစ္စည်းများကို ထပ်ထည့်ကာ မြေရှားသတ္တု ကိုထုတ်ယူခြင်းဟု ဆိုသည်။

ယခုအချိန်တွင် မိုင်းယောင်းဒေသရှိ နမ့်ခုတ်မြစ်တစ် လျှောက်တွင် တူးဖော်နေသည့် ရွှေတွင်းများကိုသာ အဓိကထားအာရုံစိုက် မှုသာရှိပြီး ထိုရွှေတွင်းနေရာများ၏ ဂြိုလ်တု ဓာတ်ပုံများမှာ လက်ရှိတွင် မြေရှားသတ္တုတွင်းများဟုယူဆရသောသတ္တုတွင်းများ၏ ပုံသဏ္ဍာန်နှင့်ကွာခြားနေသည်။

နမ့်ဆိုင်မြစ်တစ်လျှောက်ရှိ စွန့်ပစ်ရေကန်အသုံးပြု၍ ထုတ်ယူသော ရွှေတွင်းများ၏ဂြိုလ်တုဓာတ်ပုံများနှင့်လည်း ကွာခြားသည်ဟု ဆိုသည်။

အောက်ခြေမှတူးဖော်ထုတ်ယူမှုသည် မြေပြိုမှုများဖြစ်စေခြင်း၊ မြေပေါ်၊မြေအောက်ရေများ အဆိပ်သင့် စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်း နှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများ ဖြစ်စေနိုင်ကြောင်းလည်း SHRF က သတိပေးသည်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းများမှာ နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်များစွန့်ထုတ်နေပြီဖြစ်ရာ ယခင်ကတည်းကရွှေတွင်းများကြောင့် ရှိနေနှင့်ပြီးသားဖြစ်နေသော ညစ်ညမ်းမှုများထက် ပိုမိုဆိုးရွားနိုင်ကာ ရှမ်းပြည် တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တစ် လျှောက်တွင်နေထိုင်သော ဒေသခံပြည်သူများ ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း အသိပေးသည်။အဆိုပါ​ရွှေတွင်းများမှာ မြစ်​ရေကို ညစ်ညမ်း​စေသဖြင့်ထိုင်းနိုင်ငံမှ ​ဒေသခံပြည်သူအချို့ကလည်းကန့်ကွက်ထားသည်။

နမ့်ခုတ်မြစ်သည်ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊မယ်အိုင်းမြို့နယ် တာတွန်းရွာ မှတစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းကာ ချင်းဆန်မြို့နယ်တွင်မဲခေါင်မြစ်အတွင်းသို့ စီး၀င်သည်။

မြေရှားသတ္တုတူးဖော်မှုနှင့်ဖြစ်ပေါ်လာနိုင်သော နယ်စပ်ဖြတ်ကျော်သက်ရောက်မှုများမှာ နယ်စပ်နှစ်ဘက် ၂နိုင်ငံလုံးရှိ တာ၀န်ရှိသူများမှ အဆော

တလျင်စုံစမ်းရန်လိုအပ်နေပြီး သတ္တုတူးဖော်မှုနှင့်ပတ်သက်နေသော အချက်အလက်များအားလုံးကို အများပြည်သူသိရှိစေရန်ထုတ်ဖော်ပြသရန်လည်းတိုက်တွန်းသည်။

ထိုဖြစ်စဥ်အတွက် UWSA ၏ လားရှိုးမြို့နယ်ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်​မေးမြန်းနိုင်ရန် လူထုနွေဦးက ကြိုးစား​နေဆဲ ဖြစ်သည်။

မြေရှားသတ္တုသည် လူသုံးလျှပ်စစ်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းတွင် အသုံးပြုသည့် တန်ဖိုးကြီးသည့် သတ္တု ၁၇မျိုးအုပ်စုဖြစ်သည်။

မြန်မာနိုင်ငံသည် ဇန်နဝါရီမှဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ ရှားပါးမြေ ​​တင်သွင်းမှု၏ ၃၈ ရာခိုင်နှုန်းရှိကြောင်း တရုတ်ကုန်သွယ်မှုအချက်အလက်များကပြသထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည့် ကမ္ဘာပေါ်တွင် မြေရှားသတ္တုတူးဖော်မှု စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်လာသည်ဟု အမေရိကန်ဘူမိဗေဒစစ်တမ်းက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မြေရှားသတ္တုအများဆုံးထွက်သည့် ကချင်ပြည်နယ် ပန်ဝါဒေသရှိ သတ္တုတွင်းများဖြစ်ပြီး ဦးဇခုန်တိန့်ယိမ်းဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ကြီးစိုးထားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကစ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပန်ဝါ​ဒေသကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ ရှားပါးမြေတင်သွင်းမှု၏ ၃၈ ရာခိုင်နှုန်းရှိကြောင်း တရုတ်ကုန်သွယ်မှုအချက် အလက်များကပြသခဲ့သည်။စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည့် ကမ္ဘာပေါ်တွင် မြေရှားသတ္တုတူးဖော်မှု စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်လာသည်ဟု အမေရိကန်ဘူမိဗေဒစစ်တမ်းက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့ ပတ်၍ ပျံသန်းနေသည်။

သတင်း

ငလျင်ဘေးသင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သဝဏ်လွှာပေးပို့ခဲ့ပြီး ငွေကျပ်သန်း ၂၀၀၀ ကူညီမည်ဖြစ်ကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရန်းက အသိပေးသည်။

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံထဲက ရွှေတူးဖော်မှုတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် ညစ်နွမ်းမှုတွေ ကြီးကြီးမားမား ကြုံတွေ့စေတယ်လို့ ဆိုပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။