close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှ စစ်​ကောင်စီဝန်ထမ်း၁၁ဦးကို တော်လှန်ရေးတပ်တွေဖမ်းဆီး

တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ Non-CDM ဝန်ထမ်း၁၁ဦးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

မေ-၂၀၊၂၀၂၅။ရှိန်း/People’s Spring

တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ Non-CDM ဝန်ထမ်း၁၁ဦးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

မေလ၁၉ရက်​နေ့မနက်ပိုင်းမှာတောင်သာ- ကျောက်ပန်းတောင်း လမ်းပိုင်းက စစ်ကောင်စီအထိုင်ဂိတ်ကို PDF တွေက ဝင်တိုက်ပြီးတဲ့နောက် အဲဒီနားက Non-CDM ဝန်ထမ်းအိမ်ယာက ဝန်ထမ်းတွေကိုဖမ်းဆီးခဲ့တာလို့သိရပါတယ်။

စစ်​ကောင်စီရဲ့ဝန်ထမ်းအိမ်ယာကိုစီးနင်းပြီး ပညာရေးနဲ့ မြေစာရင်းဌာနဝန်ထမ်းက အမျိုးသား၅ဦး၊အမျိုးသမီး၁ဦး၊မိသားစုဝင် အမျိုးသား၃ဦး၊ အမျိုးသမီး၂ဦး စုစုပေါင်း ၁၁ဦးကိုဖမ်းဆီးခဲ့တာလို့ တောင်သာမြို့နယ်ပကဖနဲ့နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကိုယ်ဝန်သည်တွေ ၊ကလေးတွေကို ပြန်လွှတ်ပေးလိုက်တယ်။ထိန်းသိမ်းဖို့လိုအပ်တဲ့သူတွေပဲ ထိန်းသိမ်းထားတဲ့ သဘောပါ”လို့အဲဒီလူကဆက် ပြောပါတယ်။

ဖမ်းဆီးလာတဲ့သူ တွေထဲက Non-CDM ဝန်ထမ်း မိသားစုဝင် တွေကိုတော့သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လွှတ်ပေးမှာဖြစ်ပြီး Non-CDM ဝန်ထမ်းတွေကို တော့ အထက်ကညွန်ကြားချက်အရ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်သာမြို့နယ်ပအဖကလည်း တရားဝင်ထုတ်ပြန်သွားမယ်လို့ မြို့နယ်ပအဖ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တောင်သာမြို့နယ်မှာ ‌‌‌‌‌၉/အညာ မြေ စစ်ဆင် ရေးကို တော်လှန်ရေးတပ် တွေက မေလ၁၅ရက် နေ့က စတင်ဆင်နွှဲခဲ့တာပါ။​

တောင်သာနယ်ဟာ စစ်အစိုးရအဆက်ဆက် ပြည်​ထောင်စုကြံခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီ​ထောက်ခံသူများတဲ့ နယ်​ဖြစ်​ပါတယ်။ဒါ​ပေမယ့် ၂၀၂၀​ရွေး​ကောက်ပွဲမှာ​တော့ NLD ပါတီကအနိုင်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်သွာ၊ AKသေနတ် ၂လက်နှင့် ခဲယမ်းများသိမ်းရဟု PLAပြော

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နန်းတည်ကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၈ရက်) နေ့လည် ၃နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မကျီးပင်တဲကျေးရွာနှင့်အနီးကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် ယနေ့(မတ်လ ၁၈ရက်)နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်။

Facebook