close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် ကျေးရွာနှစ်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ရဲဘော်တစ်ဦးကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၄၊ ၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်ထဲက မြေဖြူကုန်းရွာနဲ့ တမံကြီးကျေးရွာကို မနေ့ည သန်းခေါင်ကျော်မှာ စစ်တပ်က Y12လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျေးရွာတွေပေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေဖြူကုန်းရွာတိုက်ခိုက်ခံရမှုမှာ နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တမံကြီးရွာတိုက်ခိုက်ခံရမှုမှာ အသက်၂၀ကျော် အရွယ် တော်လှန်ရေးရဲဘော်တဦးကျဆုံးခဲ့ပြီး နေအိမ်ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ရွာ၂ရွာကို ဆိုင်ကယ်နဲ့၁၀မိနစ် လောက်ပဲသွားရတာ။ အဲဒီနှစ်ရွာကိုတခါထဲတိုက်သွားတာ။ မနေ့ညက ဘာတိုက်ပွဲမှမရှိပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ၂၂ရက် ည ၁၂နာရီကျော်မှာလည်း တောင်သာမြို့နယ်နဲ့ကပ်လျက်က နွားထိုးကြီးမြို့နယ် လက်ဝဲ+မြင်းနီကျေးရွာကို ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်၊ စက်တပ်လေထီးတို့နဲ့လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦးဒဏ်ရာရပြီး နေအိမ် ၁၀လုံးကျော် မီးလောင်ခဲ့‌‌တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကရင်အမျိူးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်ကြောင်း KNUဗဟိုက ယနေ့ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို စစ်ကောင်စီလေတပ်က မတ်လ ၁၉ ရက်မှာ ဗုံးကြဲ တိုက်ခိုက်လာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။