close
Connect with us

Hi, what are you looking for?

သတင်း

လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

လက်ပန်လှကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ပြေးလွှားနေကြစဉ်။ ဓာတ်ပုံ - MDY PDF

အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

စဉ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ လက်ပန်လှကျေးရွာအာယ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၄ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

အမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ တံတားဦး လေတပ်စခန်းမှ တက်လာသည့် YAK-130 ဂျက် ဖိုက်တာတို့ဖြင့် တိုက်ခိုက်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အသက် (၄)လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးခြောက်ဦး၊ စုစုပေါင်း ပြည်သူ(၂၇)ဦး သေဆုံးပြီး ၃၈ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ရသည်ဟု ထုတ်ပြန်သည်။

ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာက နေအိမ်တအိမ်မှာ မိသားစုဝင်တွေ ထမင်းလက်ဆုံစားနေကြတယ်။ ကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်က ထမင်းအရင်စားပြီးလို့ ထမင်းဝိုင်းကထွက်သွားကြပြီ။ ပန်းကန်ဆေးသူကဆေးနေပြီ။

သတင်း

မန္တလေးတိုင်း၊ မြစ်သားမြို့တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးရာ စစ်ကောင်စီက သေနတ်ဖြင့် အသေပစ်ခတ်လိုက်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း အသက် ၁၈နှစ်အောက် ကလေးငယ် ၂၂ဦးအပါအဝင် ပြည်သူ ၁၄၂ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာစျေးတန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်ပါတယ်။

Facebook