close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၆)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၆)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တစ်နေရာမှာ ဒေသခံပြည်သူတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက “ILO Implement Article 33 On Myanmar Now 2025” စာသားကိုင်​ဆောင်ပြီး စစ်တပ်ကို ILO က ပုဒ်မ(၃၃)အရ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့အမျိုးသမီးမဟာမိတ်အင်အားစု(WAB)တွေ ပူးပေါင်းပြီး “အထွေထွေဖိနှိပ်မှုကို ဆန့်ကျင်ကြ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ(၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ၄ နှစ်ပြည့်အထိမ်းအမှတ် ဒုတိယအကြိမ်အဖြစ် LGBTရဲဘော်တွေကို ဂုဏ်ပြုကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ မတ္တရာသပိတ်၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၌ စစ်ဆင်ရေးတစ်ခုအတွင်း ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။

ဆောင်းပါး

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာက နေအိမ်တအိမ်မှာ မိသားစုဝင်တွေ ထမင်းလက်ဆုံစားနေကြတယ်။ ကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်က ထမင်းအရင်စားပြီးလို့ ထမင်းဝိုင်းကထွက်သွားကြပြီ။ ပန်းကန်ဆေးသူကဆေးနေပြီ။