close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအပစ်ရပ်ကာလအတွင်း အရပ်သားများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ဟု Fortify Rights ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းကြေညာထားသော အပစ်ရပ်ကာလ တစ်လအတွင်း ငလျင်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများ ခိုလှုံနေသည့် ဘာသာရေးအဆောက်အဦးများအပါအဝင် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights ယမန်နေ့တွင် ထုတ်ပြန်သည်။

မေ ၃၊ ၂၀၂၅။ အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းကြေညာထားသော အပစ်ရပ်ကာလ တစ်လအတွင်း ငလျင်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများ ခိုလှုံနေသည့် ဘာသာရေးအဆောက်အဦးများအပါအဝင် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ယာယီအပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာသည့် ဧပြီ ၂ရက်ကတည်းက တစ်လအတွင်း တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် မတ်လ ၂၈ရက်တွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးထားရသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၅၁ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြန်မာစစ်ကောင်စီရဲ့ ဘုရားစူးအပစ်အခတ်ရပ်စဲရေးဟာ အတုအယောင်ပါပဲ” ဟု Fortify Rights လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ဒေသများကိုပါ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ အသေအပျောက်များပြားခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါတိုက်ခိုက်မှုများသည် လူ့အသက်နှင့် နိုင်ငံတကာဥပဒေကို ဂရုမစိုက်ကြောင်း ပြောင်းပြောင်းတင်းတင်းပြသနေခြင်းဖြစ်ကြောင်း ကိုစိုင်းအာကာက မှတ်ချက်ပြုသည်။

ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပြီး အသက်ရှင်ကျန်ရစ်သူ၊ မျက်မြင်ကြုံတွေ့ခဲ့ရသူ သို့မဟုတ် စောင့်ကြည့်လေ့လာသူ အရပ်သားပြည်သူ ၄ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ဦး စုစုပေါင်း ၉ဦးကို Fortify Rights က ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအား ပစ်မှတ်ထားသည်ဟု ဆိုသော်လည်း PDF များကမူ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ အရပ်သားပြည်သူများကို အဆင်ခြင်မဲ့တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

Fortify Rights ကို ဖြေကြားသော PDF တစ်ဦးကလည်း “ဒါတွေအားလုံး(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ)ဟာ အရပ်သားတွေရှိတဲ့ နေရာမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေပါ။ ဧပြီ ၁၁ရက်နဲ့ ၁၂ ရက်နေ့ကတော့ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်ပြီးမှ လာတိုက်တာပဲ။ ဒါပေမဲ့ ကျန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ သူတို့ ပစ်ချင်တိုင်း ပစ်သွားတာတွေပါ။ သူတို့ဟာ သူတို့ ဗုံးကို ဘယ်ချရမှန်း သေချာမသိဘဲ ဒီအတိုင်းကြဲချသွားတာ။ ကနီမြို့နယ်မှာဆိုရင် စစ်တပ်က မြေပြင်မှာ မထိန်းချုပ်နိုင်တော့ဘူး။ အဲ့တာကြောင့်လည်း သူတို့က မြေပြင်မှာ ဘာပဲဖြစ်ဖြစ် ငါတို့က ကောင်းကင်ကတော့ နိုင်သေးတယ်ဆိုတာ ပြတဲ့အနေနဲ့ လုပ်ပြတာပဲ” ဟု ပြောသည်။

စစ်ကောင်စီသည် ဧပြီလအတွင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နှင့် ရှမ်းပြည်နယ်အစပ်တို့၌ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း Fortify Rights က မှတ်တမ်း တင်ထားသည်။ ထိုမျှမက စစ်ကောင်စီသည် ၎င်း အပစ်ရပ်သည်ဆိုသော တစ်လအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ဆင်မှုများကို ဆက်တိုက် ပြုလုပ်နေခဲ့သည်။

“ငလျင်ဘေးအတွင်းမှာ မြန်မာစစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ဆက်တိုက်တိုက်ခိုက်နေတာဟာ လုံးဝဥပဒေမဲ့ လုပ်ရပ်တွေပါပဲ” ဟု Fortify Rights မှ ကိုစိုင်းအာကာက ပြောသည်။

နိုင်ငံတကာအသိုက်အဝိုင်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် နောက်ထပ် အသက်များထပ်မံ မဆုံးရှုံးရမီတွင် စစ်ကောင်စီ၏ လက်နက်နှင့် လေကြောင်း လောင်စာဆီ ရယူအသုံးပြုခွင့် ရှိနေခြင်းများကို ရပ်တန့်ရန် ပြတ်ပြတ်သားသားလုပ်ဆောင်ရမည်ဟုဖြစ်ကြောင်း Fortify Rights က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံသားတစ်ဦးသတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများအား အရေးယူနိုင်ရေး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ​ထံ တင်ပြရာအမှုကိုလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rightsက ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် မဆင်မခြင်တိုက်ခိုက်နေမှုများအား တားဆီးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights က ယနေ့(အောက်တိုဘာ ၂၄ရက်)တောင်းဆိုလိုက်သည်။

Facebook