ဧပြီ ၆၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၆)မှာ ငလျင်ဒဏ် ကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်သပိတ် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက စစ်ကောင်စီရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
