close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအတွက်ဒေါ်လာသန်းဆယ်ချီ နှင့် ကျပ်ဘီလီယံ၁၀၀​ကျော်ရထားသည့် စစ်ကောင်စီက သေဆုံးသူ တဦးကျပ် ၁၀ သိန်းစီထောက်ပံ့မည်ဆိုခြင်းအ​ပေါ်ပြည်သူများ​ဝေဖန်

ငလျင်​ဘေးအတွက် ပြည်ပနိုင်ငံများမှဒေါ်လာသန်းဆယ်ချီပမာဏအပြင် ပြည်တွင်း ခရိုနီများထံမှ ငကျပ် ၁၁၆ ဘီလီယံကျော် အလှူ ငွေရရှိထားသည့် စစ်ကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်၏ ​ပြောစကားအ​ပေါ်ပြည်သူများက​ဝေဖန်​နေကြသည်။

SKY VILLA အ​ဆောက်အအုံပျက်​အောက်မှ ရုပ်အ​လောင်းတစ်ခုကိုကယ်ဆယ်​ရေးအဖွဲ့များသယ်လာစဥ်။ ဓါတ်ပုံ-MFSD

ဧပြီ-၆၊၂၀၂၅။ခွာညို/People’s Spring

ငလျင်​ဘေးအတွက် ပြည်ပနိုင်ငံများမှဒေါ်လာသန်းဆယ်ချီပမာဏအပြင် ပြည်တွင်း ခရိုနီများထံမှ ငကျပ် ၁၁၆ ဘီလီယံကျော် အလှူ ငွေရရှိထားသည့် စစ်ကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးသွားမည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်၏ ​ပြောစကားအ​ပေါ်ပြည်သူများက​ဝေဖန်​နေကြသည်။

နေပြည်တော်တွင် ဧပြီ ၅ ရက်၌ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အာဏာသိမ်းခေါင်း
ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တဦးလျှင်ကျပ် ၁၀ သိန်းစီ နှင့် ​နေအိမ်ပျက်စီးမှုကို ပျက်စီးမှုအ​ပေါ်မူတည်ထောက်ပံ့ပေးမည်ဖြစ်သည်ဟု​ပြောကြားခဲ့သည်။

“ကျမတို့က အလှူငွေမျှော်သူတွေမဟုတ်ဘူး။ ဒါပေမယ့် ထောက်ပံ့မယ်ဆိုတဲ့ ‌ငွေပမာဏက တော်တော်ရုပ်ပေါက်တယ်။ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးမလုပ်ပေးလို့ သေတာက ပိုများတယ်”ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က ထုတ်ထားတာက ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ပေါ့။ သူထောက်ပံ့မယ်ဆိုတဲ့ ငွေအမောင့်နဲ့ တွက်ရင် သိန်း ၃၀၀၀ဝ ကျော်ပေါ့။ ဟို မင်းသမီးခိုင်နှင်းဝေတောင် တစ်ဦးတည်း သိန်း ၄၀၀၀၀ လှူထားတာ။ မင်းအောင်လှိုင် ရှက်တတ်ရင် ထမိန်ဝတ်ထားသင့်တယ်” ဟု နေပြည်တော်မှ ငလျင်ဘေးသင့် ဒေသခံတစ်ဦးဖြစ်သည်။

ငလျင်ကြောင့်သေဆုံးသူ ၃၃၅၄ဦးရှိပြီဖြစ်ကြောင်းစစ်ကောင်စီက ဧပြီလ ၅ရက်ည၌ ထုတ်ပြန်ထားသည်။

“နိင်ငံတကာကလှူထားတဲ့ငွေတွေ။တစ်ယောက်သေမှဆယ်သိန်းတဲ့လား။ကျန်တဲ့ငွေတွေကို အပြစ်မဲ့ပြည်သူတွေကိုသတ်ရန်အတွက် လက်နက်နဲ့ လေယာဉ်ဆီဝယ်ဖို့သိမ်းထားမယ်”ဟု ပြည်သူတဦးက​ပြောသည်။

အခြားပြည်သူတဦးကလည်း “ပေးမနေနဲ့ရတယ်လို့ပြောပေးကြပါအုံး။ ငါတိူ့ပြည်သူတွေအချင်းချင်းထောက်ပံပေးတာက ပိုရသေးတယ် ။သူများနိူင်ငံက ပေးသမျှကမ်းသမျှကို ကိုယ့်အိတ်ထဲကိုသာထည့်ကြပါလို့အဝေမတည့်ပဲလဲနေကြအုံးမယ်”ဟု​ပြောသည်။

“သဂြိုလ်စရိတ်တောင်၁၀သိန်းမကပေမယ့်ငါ့ မိန်းမ ရဲ့ LV အိတ် အသစ် ကသိန်း၃၆၀ဆိုတော့ နည်းနည်း ထပ် ခိုးပါရစေအုန်း”ဟုပြည်သူတဦးကလည်းမှတ်ချက်ပြုသည်။

ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲအား နေပြည်တော်တွင် ဧပြီလ ၁ရက်နေ့က ပြုလုပ်ခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် များထံမှ အလှူငွေ ကျပ် ၁၀၄ ဒသမ ၄၄ ဘီလီယံနှင့် အလှူပစ္စည်းတန်ဖိုး ကျပ် ၁၂ ဒသမ ၄ ဘီလီယံခန့် ရရှိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများကဖော်ပြခဲ့သည်။

စစ်ကောင်စီသည် ငလျင်လှုပ်ပြီး ညနေပိုင်း၌ ဘေးသင့်ဒေသများကို အရေးပေါ်အ‌ခြေအ‌နေ ကြေညာခဲ့ပြီး အလှူခံခဲ့သည်။နိူင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ​ကျော်မှအမေရိကန်ဒေါ်လာ သန်း ၁၃၀ ​ကျော် ကူညီမည်ဟုကတိပြုထားသည်။သို့​သော် သြစ​တြေးလျ ၊ဗြိတိန် ၊အ​မေရီကန် စ​သောနိုင်ငံတို့မှာစစ်​ကောင်စီကို တိုက်ရိုက်အကူအညီ​ပေးမည်မဟုတ်ဘဲ ၎င်းတို့ ယုံကြည်ရ​သောအဖွဲ့များမှတ ဆင့်ကူညီမည်ဖြစ်သည်။ ထို​ကြောင့် နိုင်ငံတကာမှ​ပေး​​သောအကူအညီတွင်စစ်​ကောင်စီကတဆင့်ကူညီ​ခြင်းရှိသလို ၊စစ်​ကောင်စီမခံဘဲ ကြားမှအကူအညီ​ပေး​သောအဖွဲ့များမှတဆင့်ကူညီခြင်းလည်းရှိသည်။

စစ်​ကောင်စီက ငလျင်​ကြောင့် ​သေဆုံးသူများကို ၁ ဦးလျင် ကျပ် ၁၀ သိန်း​ပေးမည်ဆိုပါက စစ်​ကောင်စီ၏ ဧပြီ ၅ ရက် ​သေဆုံးသူစုစု​ပေါင်းစာရင်းအရ ကျပ် ၃.၅ ဘီလီယံ​ကျော်(ကျပ်သိန်း သုံး​သောင်းငါး​​ထောင်​ကျော်)သာရှိသည်။ပြည်
တွင်းခရိုနီ လုပ်ငန်းရှင်များထံကပင် အလှူ​​​ငွေဘီလီယံ ၁၀၀ ​ကျော်ရရှိပြီ ​သေဆုံးသူများအတွက်​ပေးမည့်ပမာဏမှာ ဘီလီယံ ခုဂဏန်းသာရှိ၍ များစွာကွဟ​နေသည်​။​ဒေါ်လာနှင့်ဆိုပါက ​သေဆုံးသူများပတွက်​ပေးမည့်ပမာဏ မှာ ​ တစ်သန်းပင်မရှိ​ပေ။

ထိုအပြင်စစ်​ကောင်စီသည်​သေဆုံး​ပျောက်ဆုံးစာရင်းများကို ထိန်းချန်ထားပြီး​မြေပြင်တွင်​သေဆုံးသူမှာ အဆိုပါစာရင်းထက်ပိုများ​ကြောင်းငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူများက​ပြောသည်။

ဘေးသင့်သူများသည် အရေးပေါ်ကယ်‌ဆယ်ရေးအကူအညီများလိုအပ်နေသော်လည်း စစ်ကောင်စီထံမှထိရောက်သည့်ကူညီမှုမရ​ကြောင်းငလျင်ဘေးကြုံခဲ့သည့် မြို့နယ်များမှ ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ငလျင်ကြောင့် အပျက်အစီးများတဲ့ရပ်ကွက်တွေမှာလျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တာကြောင့် သောက်သုံးရေအခက်အခဲရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ​ရေသန့်အပြင်​ရေသန့်​ဆေး​ပြားတွေ ကူညီကြရင်လည်း အ​ထောက်အပံ့များစွာဖြစ်​စေပါတယ်။

သတင်း

ငလျင်ကြီးလှုပ်ခတ်မှုအပြီး ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ မြို့နယ်ပေါင်း ၂၄ မြို့တွင် ကျပ်သိန်းပေါင်း ၁၂,၀၀၀ ကျော်(၁.၂ ဘီလီယံ) ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MoHADM က ဧပြီ ၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။

သတင်း

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် One Myanmar Community (OMC)မှ မြန်မာမိသားစုများက ဦးဆောင်၍ ငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲကို ယနေ့ (မတ်လ ၃၁) ပြုလုပ်ခဲ့သည်။

Trending

Facebook