ဧပြီ – ၆၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring
ဖျက်အားပြင်းငလျင်ကြီးဒဏ်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အခြေစိုက်ရာ နန်းတွင်း က မြို့ရိုးကို စက်ယန္တယားတွေသုံးပြီး ပြင် ဆင်နေပါတယ်။
မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုး လေးဘက်လေးတန် ပြိုကျ ပျက်စီးခဲ့တာပါ။
ပြိုကျပျက်စီးသွားတဲ့အပျက်အစီးတွေကို ကရိန်းတွေသုံးပြီး ရှင်းလင်းနေသလို မြို့ရိုးကိုလည်း ပြန် လည် ပြင်ဆင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

Public Service Announcement
“ တောင်ဘက်ခြမ်း လမ်း၇၀ တဝိုက်က နံရံတွေကို အုတ်အသစ်တွေနဲ့ ပြန်ဆောက်နေတာ”လို့ ဒီနေ့ (ဧပြီ ၆ ) မနက်ပိုင်းမှာ မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကို မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
မြို့ရိုးပြိုကျတာကို လူအင်အားသုံးပြီး စက်ယန္တယားတွေ နဲ့ အလျင်အမြန်တည်ဆောက်နေတာကို တွေ့ ရတယ်လို့မြို့ခံအချို့က အသိပေးပါတယ်။
အခုလို မြို့ရိုးကို အားသွန်ခွန်စိုက် ပြင်ဆင်နေချိန်မှာအများပြည်သူနေထိုင်ရာ မန္တလေးမြို့မှာတော့ ရှင်းလင်းရေး မလုပ်နိုင်သေးတဲ့ ပြိုကျပျက်စီးနေတဲ့ လူနေ တိုက်တာအဆောက်အဦးတွေ များစွာရှိနေဆဲပါ။
ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေအောက်မှာ ပိတ်မိပြီးသေဆုံးနေသူတွေရဲ့ရုပ်အလောင်းတွေကိုသယ်ထုတ်ဖို့ စက်ယန္တယားတွေ လိုအပ်နေချိန်လည်းဖြစ်ပါတဘ်။
” အပုပ်နံ့ထွက်နေတဲ့နေရာတွေကို ရှင်းလင်းရေးလုပ်ရမှာ ” လို့မန္တလေးမြို့ခံ တစ်ဦးက ပြောပြပါတယ်။
ငလျင်ကြီးဒဏ် ခံလိုက်ရတဲ့ မန္တလေးမြို့မှာ ရှာဖွေကယ်ဆယ်ရေးကို စစ်ကောင်စီ က ထိထိရောက်ရောက်လုပ်ကိုင်နိုင်စွမ်းမရှိဘူးလို့ ငလျင်ကနဦးရက်တွေကတည်းက မြို့ခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ရဲတပ်ဖွဲ့ဝင်တွေဟာ ရှာဖွေကယ်ဆယ်ရေးထက် ဘုရားစေတီ ထိခိုက်ပျက်စီးမှုတွေကိုသာ ဦးစားပေးရှင်းလင်းနေတယ်လို့ မန္တလေးမြို့ခံတွေက ဆိုကြပါတယ်
