close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားများရှိရာ ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၆၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အရပ်သားများရှိရာ ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဘုတလင်မြို့နယ်၊ ကုက္ကိုစုရွာနှင့် အုတ်ကျင်းကျေးရွာကို ယနေ့(ဧပြီ ၆ရက်)ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် စက်တက်လေထီးဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

” မုံရွာနမခကနေ တက်လာတာ။ ဒေသခံတွေကသူ့ရွာမှာသူနေတာ။ စက်တပ်လေထီးပျံတော့ ကြောက်ကြတာပေါ့။ ရွာကိုတော့ မပစ်ဘူးထင်တာကနေ ပစ်ချသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရွာမှဦးအောင်ဇော်မင်း ဆိုသူ သေဆုံးကာ နောက်ထပ်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် အိမ်မွေးတရိစ္ဆာန်တချို့သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် ဘုတလင်မြို့နယ်နှင့် ဆက်စပ်နေသော ကနီမြို့နယ်ကိုလည်း ယခုရက်ပိုင်း စက်တပ်လေထီးဖြင့် မကြာခဏတိုက်ခိုက်နေသည်။

စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထား‌သော မိုးကုတ်မြို့အား စစ်ကောင်စီက ယနေ့(ဧပြီ ၅ရက်) နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်သည့် ည၌ပင် လေကြောင်းတိုက်ခိုက် ပြီး တိုက်ပွဲဖော်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Trending

Facebook