close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးခံစားနေရသူများအတွက် အမေရိကန်ရောက်မြန်မာများက ဆီမီးထွန်းဆုတောင်းပေး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern Californiaမှ ဦးဆောင်၍ ငလျင်ဘေးဒဏ် ခံစားနေရသော မြန်မာပြည်သူများအတွက် မီးထွန်းဆုတောင်းပွဲကို ယ​နေ့ (ဧပြီ ၆) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Free Burma Action Committee

ဧပြီ-၆၊၂၀၂၅။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern Californiaမှ ဦးဆောင်၍ ငလျင်ဘေးဒဏ် ခံစားနေရသော မြန်မာပြည်သူများအတွက် မီးထွန်းဆုတောင်းပွဲကို ယ​နေ့ (ဧပြီ ၆) ပြုလုပ်ခဲ့သည်။

အဆိုပါဆုတောင်းပွဲကို နွေဦးတော်လှန်ရေးအင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ကျောင်းသားလူငယ်များ စုပေါင်းပါဝင်ခဲ့ပြီး One Myanmar Community မှ မြန်မာမိသားစုများလည်း ပါဝင်ခဲ့သည်။

ပြည်ပရောက်မြန်မာများက ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ကြရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအတွက် ကောင်းရာမွန်ရာဘဝများ ရောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “Free Burma” ၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” စသည့် စာသားများကို ကိုင် ဆောင် ပြီး စစ်အာဏာရှင်ကိုလည်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ရှားမသွားခင် တစ်ပတ်လောက် အလိုမှာ တရုတ် ငလျင်ပညာရှင် အဖွဲ့တစ်ခုဟာ ဒေသတွင်းမှာ အဲဒီလို ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေကို ကြိုတင် သတိပေး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုအပြီးဖြစ်ပေါ်လာသည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ တွင်းနက်ကြီးမှာ ဆက်လက်ပြိုကျနေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်ကဂရိတ်ဝေါလ်ဟိုတယ်ကို ရှာဖွေကယ်ဆယ်ရေးရပ်နားပြီး အပြီးသတ်ဖြိုချခဲ့တယ်လို့ အဆောက်အအုံရှင်းလင်းရေးအဖွဲ့မှာပါဝင်သူတွေက​ပြောပါတယ်။

Trending

Facebook