close
Connect with us

Hi, what are you looking for?

သတင်း

“Mandalay 82” အမည်ပေးထားတဲ့ ဒုတိယအသုတ်ကယ်ဆယ်ရေးအဖွဲ့ထိုင်းစေလွှတ်

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို ကူညီဖို့ ထိုင်းစစ်တပ်က “Mandalay 82” လို့အမည်ပေးထားတဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဒုတိယအသုတ် ကို ဒီနေ့ (ဧပြီ ၅) ရက်မှာ ဒွန်မောင်းလေဆိပ်ကနေတဆင့် ထပ်မံ စေလွှတ်လိုက်ပြီလို့ ထိုင်းသတင်းမီဒီယာ Khaosod က ဖော်ပြပါတယ်။

ဧပြီ – ၅ ၊ ၂၀၂၅ /People’s Spring

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို ကူညီဖို့ ထိုင်းစစ်တပ်က “Mandalay 82” လို့အမည်ပေးထားတဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဒုတိယအသုတ် ကို ဒီနေ့ (ဧပြီ ၅) ရက်မှာ ဒွန်မောင်းလေဆိပ်ကနေတဆင့် ထပ်မံ စေလွှတ်လိုက်ပြီလို့ ထိုင်းသတင်းမီဒီယာ Khaosod က ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်ပြီး သုံးရက်အကြာ မတ်လ ၃၀ ရက်က ထိုင်းကြည်းတပ် အထူးတပ်ဖွဲ့ဝင် ၅၅ ဦးကို ရှာဖွေကယ်ဆယ်ရေးအတွက် ကနဦး စေလွှတ်ထားပါတယ်။

အဲဒီ ၅၅ ဦးအဖွဲ့မှာတော့ စီမံခန့်ခွဲရေးအဖွဲ့ ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၊ အရေးပါ် ကုသရေးဆေးအဖွဲ့ ၊ ပျက်စီးဆုံးရှုံးမှု စစ်ဆေးရေးအဖွဲ့နဲ့ ဆက်သွယ်ရေးအဖွဲ့တွေ ပါဝင်ပြီး နေပြည်တော်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးရဲ့ သတင်းဖော်ပြချက်တွေအရသိရပါတယ်။

Public Service Announcement

Public Service Announcement

အခုတစ်ခေါက်အသုတ်မှာတော့ ထိုင်းတပ်ဖွဲ့ဝင် ဘယ်နှစ်ဦးပါဝင်မလဲဆိုတာကို မထုတ်ပြန်လာပေမယ့် သတင်းဓာတ်ပုံအရ ဦးရေ ၅၀ ထက်မနည်း စုဖွဲ့ထားတာတွေ့ရပါတယ်။

ထိုင်းနိုင်ငံဟာလည်း မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်သင့်ခဲ့ရပြီး မြို့တော်ဘန်ကောက် က ဆောက်လုပ်စ မိုးမျှော်တိုက် ပြိုကျပျက်စီးမှု မှာ တစ်ပတ်တာ ရှာဖွေကယ်ဆယ်မှုအတွင်း အသက်ရှင်လျှက် ၁၀ ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၁၅ လောင်းသယ် ထုတ်နိုင်ခဲ့ပေမယ့် ပိတ်မိနေသူ ၇၉ ဦးရှိနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ပေါင်းတစ်ရာ အတွင်း ဖျက်အားပြင်း ငလျင်ကြီးကြောင့်မြို့လုံးကျွတ်နီးပါး ထိခိုက်ပျက်စီးပြီလူ့အသက်ပေါင်းများစွာ ဆုံးရှုံးလိုက်ရတဲ့ မန္တလေးမြို့ ဆီ သွားရောက်လှုဒါန်းကြသူတွေ လည်းရှိနေပါတယ်။

သတင်း

ငလျင်ကြီးလှုပ်ခတ်ပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် မြို့သုံးမြို့၌ ပိတ်မိပြည်သူလေးဦးအား ပြိုကျပျက်စီးနေသည့်အဆောက်အဦများကြားမှ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနစာရင်းများအရ သိရသည်။

သတင်း

ငလျင်ဘေးသင့် ဒေသတွေမှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ရနိုင်သမျှ ကြိုးစား ကယ်ဆယ်နိုင်ရေးဟာ ဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံကနေ ရောက်ရှိလာတဲ့ ကယ်ဆယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

သတင်း

နှစ်ပေါင်း တစ်ရာအတွင်း အဆိုးရွားဆုံးငလျင်ဘေးကြီးကိုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ မှာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေအောက်ပိတ်မိနေသူတွေကို အချိန်မီ အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ ရှာဖွေကယ်ဆယ် ရေးတွေ အပူတပြင်းလိုအပ်နေပါတယ်။

Facebook