close
Connect with us

Hi, what are you looking for?

သတင်း

ယာယီအပစ်ရပ်သည်ဆိုသော စစ်ကောင်စီက ကလေးမြို့နယ်အတွင်း မစ်ဇိုင်းဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက မစ်ဇိုင်းများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ကလေးမြို့သပိတ်ဖြိုခွင်းခံရသည်ကို ၂၀၂၁ဧပြီ ၇ရက်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၆၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက မစ်ဇိုင်းများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဧပြီ ၆ရက်)ည‌ ၇နာရီခန့်မှစ၍ စစ်ကောင်စီက ကလေးမြို့အမြောက်တပ်အတွင်းမှ မစ်ဇိုင်းများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံများက စိုးရိမ်နေသည်။

“အပစ်ရပ်တယ်ဆိုလို့ နားအေးပါး‌အေးနေရမယ်လို့မထင်နဲ့။ တစ်နေ့ခင်းလုံး Y12 လေယာဉ်ရော ဂျက်ဖိုက်တာပါပျံနေတာ။ ညကျတော့ မစ်ဇိုင်းနဲ့ ထုနေတာ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားသည့်စစ်ကောင်စီသည် ဒေသအများစုတွင် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီသည် ၎င်းတို့ တဖက်သတ်ကြေညာထားသည့် အပစ်ရပ်ကြေညာချက်ကို လိုက်နာမှုမရှိဘဲ တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသလို KIA၊TNLA၊KNU တို့ကလည်း ယင်းကဲ့သို့ ပြောကြားထားသည်။

ကလေးမြို့နယ်အတွင်း ယနေ့ညပိုင်း၌ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက်မှုရှိ၊မရှိကို မသိရသေးပေ။ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုလုံးဝမရှိကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး စိုးရိမ်ရကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထားသည့် ရာမညစစ်ကြောင်းက ယနေ့ (ဧပြီ ၆ရက်) ထုတ်ပြန်သည်။

သတင်း

အပစ်အခတ် ရပ်စဲမှုကို အမြဲတမ်းအတွက် သက်တမ်း တိုးမြှင့်သွားဖို့၊ မြန်မာ့ အကျပ်အ တည်းကို နိုင်ငံရေး နည်းတွေနဲ့ ဖြေရှင်းဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည် ကြေညာချက်မှာ နိုင်ငံတကာကိုလှည့်ဖြားခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)​၏ ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

Trending

Facebook