close
Connect with us

Hi, what are you looking for?

သတင်း

အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူက တပ်ဖွဲ့ဝင် ၁၁ဦးခေါ်ကာ လက်နက်များယူပြီး KIAထံ အလင်းဝင်

စစ်ကောင်စီတပ်တွင် စစ်သားမလုပ်လို၍ စစ်သားစုဆောင်းခံရစဉ်ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံရပြီး တပ်သားသစ်စုဆောင်းခံခဲ့ရသည့် (၃၅)နှစ်အရွယ် တပ်သားမျိုးမင်းထွန်းက ၎င်းဦးစီးသည့် ၁၂ဦးပါ စစ်ကောင်စီတပ်ဖွဲ့အားခေါ်ဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

ဓာတ်ပုံ - တပ်သားမျိုးမင်းထွန်းအား တွေ့ရစဉ်

ဧပြီ၆၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်တွင် စစ်သားမလုပ်လို၍ စစ်သားစုဆောင်းခံရစဉ်ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံရပြီး တပ်သားသစ်စုဆောင်းခံခဲ့ရသည့် (၃၅)နှစ်အရွယ် တပ်သားမျိုးမင်းထွန်းက ၎င်းဦးစီးသည့် ၁၂ဦးပါ စစ်ကောင်စီတပ်ဖွဲ့အားခေါ်ဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIAထံ အလင်းဝင်လာသူများအနက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းခံရသူများ၏ ထွက်ဆိုချက်ကို KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြလျက်ရှိရာ လယ်သမားတစ်ဦးဖြစ်သူ တပ်သားမျိုးမင်းထွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

ကိုမျိုးမင်းထွန်းသည် မိသားစုနှင့်အတူ လယ်ထဲမှပြန်လာစဉ် မဲပေါက်သည်ဟုဆိုကာ လာခေါ်၍ ထွက်ပြေးခဲ့ကြောင်း၊ သို့သေသာ် စစ်သား၊ရဲများ၏ အဖမ်းခံရပြီး စစ်သားစုဆောင်းခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အဓမ္မခေါ်ယူလာ၍ လိုက်လာရခြင်းဖြစ်ပြီး မလုပ်လိုကြောင်းပြောသော်လည်း ရပ်ကွက်ဥက္ကဋ္ဌနှင့် ရဲများက သင်တန်းဆင်းပြီးပါက ကိုယ့်ရွာကိုယ် လုံခြုံရေး ၂နှစ်လုပ်ဆောင်ရမည်ဟု ပြောဆိုသည့်အပြင် လစာ ၄သိန်းကျော်၊ ၅သိန်းရမည်ဟု ပြောဆိုကြောင်း၊ သို့သော်အမှန်တကယ် မရကြောင်း၊ ရှေ့တန်း၌စစ်ကောင်စီတပ်များ ခိုင်းသည်များကို လုပ်ဆောင်ခဲ့ရကြောင်း တပ်သား မျိုးမင်းထွန်းက ပြောသည်။

” ကျနော်တို့ အလင်းဝင်တာ ၁၂ယောက်ပါပါတယ်။ အရင်ဆုံးမဝင်ခင် PDFကို ဖုန်းနဲ့လှမ်းချိတ်ဆက်တယ်။ ချိတ်ဆက်ပြီးမှ ဒီကတပ်ဖွဲ့ကို လှမ်းချိတ်ဆက်၊ ချိတ်ဆက်ပြီးမှ ညီလေးတို့ ဘယ်လို ဘယ်လို ထွက်လာခဲ့ အလံဖြူထောင်ထွက်လာခဲ့ဆိုတော့ ကျနော်တို့ အလံဖြူထောင်ပြီး ထွက်လာတာ သူတို့ ကြိုပါတယ်။ ဟိုရောက်တော့ အေးဆေး ထမင်းလည်းကျွေးတယ်။ ကောင်းကောင်းမွန်မွန် ညီအကိုလိုထားတယ်။ တပ်ကတော့ ပြောတာပေါ့ မင်းတို့ ဟိုကမိရင်သတ်ပစ်မှာ လည်လှီးသတ်မှာပြောတယ်။ သတ်ရင်လည်း မထူးတော့ဘူး သတ်ပါလေ့စေ သူတို့ အဲဒီလောက်ကြီး လုပ်မှာ မဟုတ်ဘူး။ အဲဒီလိုနဲ့ဝင်ချလာတာ ကျနော်ဦးစီးပြီး ၁၂ယောက်”ဟု ကိုမျိုးမင်းထွန်းက ပြောသည်။

ထိုသို့ အလင်းဝင်လာ၍ အသက်မသေတော့သည်ကို စိတ်ချ၍ရကြောင်း ကိုမျိုးမင်းထွန်းက ပြောသည်။

“သေနတ်က MA 1၊ MA 2၊MA 3၊ MA 4 အကုန်ပါပါတယ်။ ကျည်ဘောက်တွေနဲ့ ဗုံးတွေ လက်ပစ်ဗုံး နင်းမိုင်း အကုန်ပါပါတယ်”ဟု ကိုမျိုးမင်းထွန်းက အလင်းဝင်လာစဉ် လက်နက်ခဲယမ်းများ ယူဆောင်လာမှုကို ပြောပြသည်။

မိသားစုများကို ပြောလိုသည်မှာ ၎င်းအပါအဝင် အလင်းဝင်လာသည့် တပ်ဖွဲ့ဝင် ၁၂ဦးလုံး ကျန်းမာစွာရှိနေကြောင်း ပြောသည်။

အလားတူ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ပင် သူငယ်ချင်းနှင့်အတူ အလင်းဝင်လာသည့် တပ်သားမင်းထွေးဦးက ၎င်းအနေဖြင့် ပန်းရံလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အလုပ်မှပြန်လာစဉ် ပေါ်တာဆွဲ စစ်သားစုဆောင်းခံရခြင်းဖြစ်ဟု ပြောသည်။

” အုပ်ကြီးက စပြောကတည်းက မင်းတို့ နှစ်နှစ်ပဲ ထမ်းဆောင်ရမှာ။ နှစ်နှစ်ပြီး ထွက်ရမှာ ရှေ့တန်းမထွက်ရဘူး တပ်ရင်းမှာပဲနေရမှာ တလကို လစာ ၆သိန်းရတယ်။ ၇သိန်းရတယ်။ လျှောက်ပြောတာ ဘာမှ မရဘူး။ ကျနော်တို့ တိုက်ပွဲမဖြစ်ခင်မှာ ကင်းစောင့်ရတယ် ဖက်ထိပ်လုပ်ရတယ်။ ဆက်သွယ်ရေးမြောင်းတွေတူးရတယ်။ နောက်ပိုင်း မနေနိုင်တော့ဘူး အလင်းဝင်မယ်လို့ပြောတယ်။ ပြောတော့ ကျနော်တို့ ထွက်တယ်။ ထွက်တော့ ငှက်ပျောတောထဲရောက်တော့ ရေသောက်တယ်။ လူတွေ့ တော့ အသံကြားတော့ အကိုကြီး ကျနော်တို့ အလင်းဝင်မလို့ ကျနော်တို့ လာဖမ်းပါလို့ လှမ်းအော်တာ”ဟု အလင်းဝင်လာသည့် တပ်သားမင်းထွေးဦးက ပြောသည်။

အလင်းဝင်ရောက်ရာ၌ နွေးနွေးထွေးနွေးဆက်ဆံကြောင်း၊ မသတ်ဖြတ်ဘဲ ညီအကိုလိုထားပေး၍ ကျေးဇူးတင်ကြောင်းလည်းတပ်သားမင်းထွေးဦးက ပြောသည်။

KIA၏ စစ်သုံ့ပန်းများ ထွက်ဆိုချက် ထုတ်ပြန်မှုများအရ စစ်ကောင်စီတပ်သည် အသက် ၁၉ နှစ်အရွယ် ကျောင်းသားကိုလည်း ကျူရှင်သွားစဉ် ဖမ်းဆီးပြီး တပ်သားစုဆောင်းခဲ့ပြီး ရန်ကုန်မြို့၌ အလုပ်ရှာသူ တစ်ဦးကိုလည်း အလုပ်ရှိသည်ဟုဆိုကာ စုဆောင်းရေးပို့ခံရဟု ကာယကံရှင်တို့က ပြောသည်။

ထို့ပြင် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းမပို့ဟုလိမ်ညာပြောဆိုသော်လည်း သင်တန်းပြီး မကြာမီ၌ပင် ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခဲ့ဟု ကချင်၊ ကရင်နီ၊ ချင်း၊ ကရင်ဒေသများ၌ တိုင်းရင်းသားတပ်များ၏ ဖမ်းဆီးခံရသည့် စစ်သုံ့ပန်းများက ထွက်ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဖမ်းမိစစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်သည့် ည၌ပင် လေကြောင်းတိုက်ခိုက် ပြီး တိုက်ပွဲဖော်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား - တနိုင်းသွား လီဒိုလမ်းမကြီး၊ လဝါးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(မတ်လ ၃၁ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

သတင်း

မတ်-၂၇၊၂၀၂၅။ People’s Spring ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ဟာ တရုတ်နိုင်ငံဆီ မြေရှားသတ္တု (REM)တွေ ပြန်လည် တင်ပို့ဖို့ မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ KIAဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြေရှားသတ္တုဇုန်တွေထဲက တစ်ခုကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ Reuters...

Trending

Facebook