close
Connect with us

Hi, what are you looking for?

သတင်း

လီဒိုလမ်းမကြီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းကို KIA ပြန်လည်သိမ်းပိုက်

ကချင်ပြည်နယ် မြစ်ကြီးနား – တနိုင်းသွား လီဒိုလမ်းမကြီး၊ လဝါးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(မတ်လ ၃၁ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

မတ်-၃၁။၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား – တနိုင်းသွား လီဒိုလမ်းမကြီး၊ လဝါးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(မတ်လ ၃၁ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီး သို့ မတ်လ ၂၅ရက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIAက အသိပေးထားသည်။

မရန်ကထောင်ဂိတ်ရှိ စစ်ကောင်စီတပ်၊ ကာမိုင်းဗျူဟာရှိ စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ စစ်ရေးလှုပ်ရှားကာ လဝါးကျေးရွာကို ထိုးစစ်ဆင် စခန်းချထားခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လဝါးတပ်စခန်းကို KIAပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ မတ်လ ၃၁ရက် နံနက် ၁၁နာရီတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။

ထို့အပြင် ခဲယမ်းများရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် ရွှေမင်း ပြည်သူ့စစ်၊ မင်းဇေသန့် ပြည်သူ့စစ်များ ကားမိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက အသိပေးသည်။

ယင်းနှင့်ပတ်သက်၍ KIA သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းရာ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုသည်။ အသေးစိတ် အခြေအနေများကို ပြောဆိုခြင်းမရှိပေ။

KIAပူးပေါင်းတပ်၏ မတ်လ ၃၀ရက် သတင်းဖော်ပြချက်တွင် ပြီးခဲ့သည့် တပတ်အတွင်း တနိုင်းလီဒိုလမ်း လဝါးကျေးရွာ၌ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲ ဆက်ဖြစ်ခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ဆဒုံးဒေသ၌လည်း တိုက်ပွဲဖြစ်ခဲ့ပြီး ၀ိုင်းမော် လမြန်၊ ပူတာအို- ဆွမ်ပရာဘွမ် လမ်းပိုင်းတို့၌ စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေကြောင်း ဖော်ပြသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့ကို အပြီးသတ် သိမ်းနိုင်ရေးအတွက် ထိုးစစ်ဆင်လျက်ရှိရာ ဧပြီ ၄ရက်တွင် တိုက်ပွဲ ၄လပြည့်မည်ဖြစ်သည်။ လက်ရှိတွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အရေးပါသည့် တပ်ရင်းဌာနချုပ်များကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး မြို့ကို အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း အသိပေးထားသည်။

စစ်ကောင်စီကလည်း မတ်လ ၂၉ရက်နှင့် ၃၀ရက်တွင် ဗန်းမော်မြို့ကို နှစ်ရက်ဆက် လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မတ်-၂၇၊၂၀၂၅။ People’s Spring ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ဟာ တရုတ်နိုင်ငံဆီ မြေရှားသတ္တု (REM)တွေ ပြန်လည် တင်ပို့ဖို့ မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ KIAဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြေရှားသတ္တုဇုန်တွေထဲက တစ်ခုကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ Reuters...

သတင်း

ဗန်းမော်မြို့ အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း KIA ထပ်မံ အသိပေး

သတင်း

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့် အရာရှိများသည် တပ်မတော်၏ သစ္စာလေးချက်ကို ဖောက်ဖျက်ခြင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းများလုပ်နေသည်ဟု ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှန်ကန်မှုမရှိဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Facebook