close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ဒေသများ မိုးသက်လေပြင်းနှင့်နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ် သတိပြုကြရန် NUG သတိပေး

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသကိုးခု၌ နေရာကွက်၍မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးသက်လေပြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

ယနေ့(ဧပြီ ၆ရက်)နံနက်က အမရပူရမြို့နယ်ရှိ ရေမြုပ်နေသော ငလျင်ရှောင်ယာယီတဲများအား တွေ့ရစဥ်။ ဓာတ်ပုံ-Scorpio

ဧပြီ ၆၊၂၀၂၅။စိုင်းနန်/People’s Spring

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသကိုးခု၌ နေရာကွက်၍မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးသက်လေပြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

ယနေ့ (ဧပြီ ၆ရက်)တွင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းတွင် နေရာကွက်၍မိုးရာနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ပုံမှန်ထက်မိုးများနိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် ငလျင်ဘေးသင့်ဒေသမှ ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အထူးသတိပြုကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

Public Service Announcement

Public Service Announcement

နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပါသည်။ ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အထူးသတိပြုကြပါရန် MOHADMက သတိပေးထားသည်။

ယမန်နေ့ညက မန္တလေးနှင့် စစ်ကိုင်းမြို့တွင် မိုးသက်လေပြင်းကျခဲ့ပြီး ငလျင်ဘေးသင့်သူများ၊ ကယ်ဆယ်ရေးအဖွဲ့များ အခက်အခဲကြုံတွေ့ခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်းတွင် ဘင်္ဂလားပင်လယ်အော်၌ လေးဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်သည့် သတိပေးချက်လည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့်ဒေသများတွင် ပြိုကျအ ဆောက်အဦများကြား နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ဧပြီ ၃ ရက်မှ ၅ ရက်(ယနေ့)အထိ အသက်သေဆုံးပြီးသူ ၄၇ ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့​သော်လည်း အသက်ရှင်​​နေသူကိုထပ်မံမ​တွေ့ရှိရ​တော့ကြောင်း မီးသတ်ဦးဌာန မှတ်တမ်းများနှင့် ကယ်ဆယ်​ရေးအဖွဲ့များထံမှသိရသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်က ယနေ့(ဧပြီ ၆ရက်)တွင် ကြေညာသည်။

သတင်း

မန္တလေးကျုံး အနောက်ဘက်ခြမ်းရှိ ကျုံးဘေးလမ်းပလက်ဖောင်းပေါ် ယာယီနေထိုင်နေကြတဲ့ငလျင်ဘေးသင့်ပြည်သူတွေကို မနေ့ (ဧပြီ ၅ ) ညပိုင်း က အပြီးသတ်ပြောင်းရွေ့ခိုင်းခဲ့တယ်လို့ ငလျင်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေရင်းမှာပဲ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်း ၃ ဦးဟာ အလုပ်ထုတ်ပယ်ခံရမယ် ဆိုတဲ့ အကြောင်းကြားမှု ရရှိခဲ့ကြောင်း သိရပါတယ်။

Trending

Facebook