close
Connect with us

Hi, what are you looking for?

သတင်း

ဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် PDFသုံးဦး ကျဆုံး

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) တပ် ရင်းအမှတ်-1105 က ယနေ့သတင်းထုတ် ပြန်သည်။

ကျဆုံးရဲ​ဘော်များ၏ နာ​ရေးအခမ်းအနားနှင့် ကျဆုံးရဲ​ဘော် သုံးဦး။ ဓါတ်ပုံ-BPDF

ဧပြီ-၄၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) တပ် ရင်းအမှတ်-1105 က ယနေ့သတင်းထုတ် ပြန်သည်။

မတ်လ ၁၂ ရက်တွင် ဝမ်မလန်းစခန်းကုန်းကို မတ်လ ၃၁ ရက်တွင် ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့နှင့် အတူ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရဲဘော် ဒဲနီယယ်လေး(ခ)ခွါးဒို၊ အသက် ၁၈ နှစ်အရွယ်ရဲဘော် ပိုင်သိန်းချစ်(ခ)ရှမ်ဖူး နှင့် အသက် ၂၀အရွယ် ရဲဘော် အယ်ဒိုထူး တို့သည်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအရအခြေအနေအကြောင်းကြောင်းကြောင့် ကျဆုံးသတင်းထုတ်ပြန်ကြေငြာချက်ကို ဆိုင်းငံ့ထားခဲ့ရသည်ဟု​ဖော်ပြထားသည်။ကျဆုံးရဲ​ဘော်သုံးဦး၏ နာ​ရေးပြုလုပ်ပြီးစီး​ကြောင်းသတင်းဓါတ်ပုံများကိုလည်း​ဖော်ပြသည်။

“ဝမ်မလန်း အပါအဝင် ဘောလခဲ မြို့ရဲ့ပတ်ပတ် လည် စကစ ကာကင်းတွေကို တပ်ပေါင်းစုဘက်က ထိုးစစ်ဆင်တဲ့အခါ စစ်ကောင်စီရဲ့ တုံ့ပြန်အားသည် လေတပ်ပဲ။လေကြောင်းကြောင့်သာ ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့တာ”ဟု ကရင်နီစစ်​ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ဘောလခဲ မြို့နယ်ရှိ စစ်ကောင်စီ ကာကင်းစခန်း ငါးခု ကို သိမ်းပိုက်နိုင်ခဲ့ကာစစ်ကောင်စီတပ်သား ၆၀ ကျော်သေပြီး စစ်သုံ့ပန်းအချို့ဖမ်းမိထားသည်။ လက်နက်မျိုးစုံ ၄၀ နှင့် ခဲယမ်းများ ရရှိသည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဧပြီ ၂ ရက် တွင် ကြေညာထားသည်။

ကရင်နီစစ်ဘက်သတင်းများအရ ဘောလခဲမြို့ပြင်ပ၌ မိုင်ထမ်းကာကင်းစခန်းကျန်ရှိနေသေးသည်။ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့အားဖြည့်ထားသည်။

ကရင်နီပြည်နယ်၊ဘောလခဲ မြို့နယ်တွင် တိုက်ပွဲ ပြင်း ထန်လာနိုင်ကြောင်း ယခုနှစ် ဖေဖော်ဝါရီ လ ဆန်းပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ် ပြန်ခဲ့သည်။

ထုတ်ပြန်စာတွင် မြို့နေလူထုသည် အမြန်ဆုံးရွှေ့ ပြောင်းရန်၊ စစ်ကောင် စီနှင့်မပတ်သက်ရန် အပါအဝင်စစ်ကောင်စီတပ်စခန်းအနီးရှိမနေရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း ကရင်နီပြည်နယ်ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှလက်နက်ကြီးဖြင့် ပစ်ခတ်၍ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၅လုံးထက်မနည်းကြဲ တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni)က ယနေ့(မတ်လ ၁၂ ရက်) အသိပေးထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်တွင် နွေကာလ သောက်သုံးရေရှားပါးမှု ယခင်နှစ်များထက် ဆိုးရွားနေပြီး ဝိုင်းဝန်းလှူဒါန်းပေးကြရန် အရပ်ဘက်ကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။

သတင်း

96 Soldiers - PDFအညာဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခေါ်)တစ်ဆယ်သည် မတ်လ ၁၁ရက်က စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့(မတ်လ ၁၁ရက်) အသိပေးထုတ်ပြန်သည်။

Facebook