close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အကူအညီပေးရေးအဖွဲ့ စေလွှတ်ထားကြောင်း Samaritan’s Purse အဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး သဘာဝ ကပ်ဘေးဆိုင်ရာ တုံ့ပြန် အကူအညီပေးရေး အဖွဲ့ (DART) တစ်ခုကို စေလွှတ်ထားကြောင်း Samaritan’s Purseက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး သဘာဝ ကပ်ဘေးဆိုင်ရာ တုံ့ပြန် အကူအညီပေးရေး အဖွဲ့ (DART) တစ်ခုကို စေလွှတ်ထားကြောင်း Samaritan’s Purseက ထုတ်ပြန်ခဲ့ပါတယ်။

Samaritan’s Purseဟာ အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဌာနချုပ် အခြေစိုက်တဲ့ ခရစ်ယာန် လူသားချင်း စာနာမှု မစ်ရှင် အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဧပြီ ၁ ရက်နေ့မှာတော့ အဖွဲ့ရဲ့ Facebook စာမျက်နှာက မြန်မာ့ ငလျင်ကယ်ဆယ်ရေး တုံ့ပြန်မှု အစီအမံတွေအကြောင်း ကြေညာချက် အသစ်တွေကို ဖော်ပြထားခဲ့ပါတယ်။

လက်ရှိမှာတော့ Samaritan’s Purseဟာ ကပ်ဘေးဆိုင်ရာ တုံ့ပြန်စီမံရေး ကျွမ်းကျင် ပညာရှင် ၂၈ ဦးနဲ့ မြေပြင်မှာ အခြေစိုက် ဖွင့်လှစ်နိုင်မယ့် ဆေးရုံတစ်ခုကို လေကြောင်းကနေ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ အဖွဲ့ထဲမှာ အရေးပေါ် အသက်ကယ် စောင့်ရှောက်ကုသမှုတွေကို ကိုင်တွယ်ပေးမယ့် ဆေးဖက်ဆိုင်ရာ ပညာရှင်တွေလည်း ပါဝင်ပါတယ်။

နောက်ပြီး ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှာ ရှိနေတဲ့ အဖွဲ့ရဲ့ ကွင်းဆင်း ပညာရှင်တွေကိုပါ ငလျင်ဘေးသင့် ကယ်ဆယ်ရေး အစီအမံတွေအတွက် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နောက်တစ်သုတ် လေကြောင်းပို့ဆောင်မှုတွေမှာတော့ ရေသန့်စင်ရေး စနစ်တွေ၊ အရေးပေါ် ယာယီရွက်ဖျင်တဲတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဓာတ်မီးတွေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်း ကိရိယာတွေ ထည့်ပေးလိုက်ဖို့ စီစဉ်နေတယ်လို့လည်း Samaritan’s Purseက ဆိုပါတယ်။

ပြီးတော့ ငလျင်ဘေးသင့် ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်စေဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ယုံကြည်စိတ်ချရတဲ့ ဒေသခံ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုးကား: Samaritan’s Purse

ဆက်စပ်သတင်းများ

သတင်း

USAID အသုံးစရိတ် ဖြတ်တောက်မှုတွေကြောင့် နှောင့်နှေးခဲ့တာ မဟုတ်ကြောင်း ကာကွယ်ပြောဆို

News Story

မြေငလျင်ကြီး​ကြောင့် မန္တ​လေးမြို့က ပြိုကျ​​နေတဲ့ Sky Villa ကွန်ဒိုထဲမှာ ပိတ်မိ​နေတုန်း မလွတ်ခဲ့လို့ သေသွားခဲ့ရင် မိဘ​တွေပြန်ကြည့်လို့ရ​​အောင် ပိတ်မိ​နေပုံကိုဖုန်းနဲ့ဗီဒီယိုရိုက်ကူးခဲ့တဲ့ မိန်းက​လေးငယ်နှစ်ဦးနဲ့ အဖွားဖြစ်သူတို့ဟာ အသက်ရှင်လျက်လွတ်​မြောက်ခဲ့သလို အဖြစ်ဆိုးကြီးကို သူတို့ဘယ်လိုဖြတ်​ကျော်ခဲ့ကြတယ်ဆိုတာကိုပါ ပြည်သူ​တွေမျက်မြင်သိခွင့်ရ​စေလိုက်ပါတယ်။

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးအများဆုံး ​မြေငလျင်ကြီးသတင်းကို နိုင်ငံတကာမှ သတင်းထောက်များ လာရောက် သတင်းရယူရန် ခွင့်တောင်းသော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် ယနေ့ (မတ်လ ၃၁ရက်) တစ်ရက်တည်း စစ်ကိုင်း၊မကွေးနှင့် မန္တလေးတိုင်းတို့ကို လေကြောင်းမှ ဗုံးအလုံးရေ ၆၀ထက်မနည်း ကြဲတိုက်ခိုက်ခဲ့သည်။