close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မြို့ အင်အား ၄ ဒသမ ၇ ရှိ​မြေငလျင်လှုပ်

ကျောက်ဆည်မြို့ အနီးဗဟိုပြု၍ ယ​နေ့ (ဧပြီ ၄)ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိအင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။

ဧပြီ-၄၊၂၀၂၅။​နေ့သစ်/People’s Spring

​ကျောက်ဆည်မြို့ အနီးဗဟိုပြု၍ ယ​နေ့ (ဧပြီ ၄)ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိအင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။

အဆိုပါ​မြေငလျင်လှုပ်ခတ်သည်ကို မန္တ​လေးမြို့ အတွင်းရှိမြို့နယ်များ ၊​ကျောက်ဆည်မြို့ ၊မိတ္ထီလာစ​သောမြို့နယ်များမှပြည်သူများသိရှိခံစားလိုက်ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

​မြေငလျင်သည် မန္တ​လေးတိုင်း၊ကျောက်ဆည်မြို့အနောက်ဘက် ၇ ကီလိုမီတာ( ၄ မိုင်​ကျော်)အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်)ကိုဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်​ကြောင်း အ​မေရီကန်ငလျင်တိုင်းတာ​ရေးဌာန(USGS ) နှင့် NUG ၏ MOHADM တို့ကထုတ်ပြန်သည်။ ​မြေအနက် ၆ မိုင်​ကျော်တွင် လှုပ်ခတ်​သော ​ငလျင်ဖြစ်၍ ​ဇောက်တိမ်ငလျင်ဖြစ်ပြီး ​​ဇောက်တိမ်ငလျင်များမှာ ဖျက်အားပိုပြင်းထန်သည်။

Public Service Announcement

Public Service Announcement

မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ​မြေငလျင်များ မြန်မာနိုင်ငံတွင်ဆက်တိုက်လှုပ်ခတ်​နေသည်။ငလျင်ငယ်များဆက်လက် လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် MOHADM ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန် အနေနဲ့ ဘာမှ ထိထိရောက်ရောက် အကူအညီ ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပယ်ချခဲ့ပါတယ်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျပြီး အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

သတင်း

မြို့ကြီးတွေမှာ ငလျင်ဘေးအလှူခံနေတဲ့လူငယ်တွေကို ထောက်ခံစာမပါလို့ဆိုပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်‌ရေးမှူးနဲ့ ရဲတွေက ဖမ်းဆီးနေတယ်လို့ လူငယ်တွေဆီက ပြောပါတယ်။

Facebook