close
Connect with us

Hi, what are you looking for?

သတင်း

ဘုံးအိုးကျေးရွာမှာ ဗလီကိုးလုံးပြိုကျမှုကြောင့် အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံး

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျပြီး အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

အမရပူရမြို့နယ် ဗုံးအိုရွာက ဗလီတွေ ငလျင်ကြောင့် ပြိုကျပျက်စီးနေစဉ်။ ဓာတ်ပုံ – CJ

ဧပြီ ၄၊၂၀၂၅။Scorpio/People’s Spring

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျပြီး အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ဘုံးအိုးကျေးရွာမှာ ဗလီ ၉လုံး ပြိုကျပြီး ဘုရားဝတ်ပြုနေတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီး ၄၀၀ခန့် သေဆုံးခဲ့တာတယ်လို့ ဘုံးအိုးဒေသခံတွေက ပြောပါတယ်။

“အလောင်းတွေကို မနိုင်ဘူး။ ကရိန်းနဲ့ကိုကော်ချရတယ်။ ပထမတခါလှုပ်တဲ့အချိန်မှာ ပိမိသွားတဲ့သူတွေကို သွားကယ်တဲ့သူတွေပါ ဒုတိယအကြိမ်ထပ်လှုပ်တော့ ပါသွားတာ။”လို့ ဘုံးအိုးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗလီတစ်ခုမှာ ဝတ်ပြုသူအရေအတွက်ဟာ ရာချီရှိတာကြောင့် သေဆုံးသူတွေများပြားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။ ဘုံးအိုးရွာက ဗလီအချို့ဟာ အမျိုးသမီးတွေပါ ဝတ်ပြုလို့ရတာကြောင့် သေဆုံးစာရင်းမှာ အမျိုးသမီးတွေ ပါနေတာလို့ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေကိုယ်တိုင် အပြိုအပျက်တွေကြားက ထုတ်ယူခဲ့ကြပြီး အသက်ရှင်လွတ်မြောက်လာသူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အမရပူရမြို့နယ်ထဲမှာရှိတဲ့ စားကြင်ဝဗလီမှာလည်း ဗလီပြိုလို့ လူ ၆ ဦး၊ ကုလားပျိုဗလီမှာလည်း လူ ၈ ဦး သေဆုံးခဲ့ကြောင်း၊ ကိုယ်ရံတော်ဗလီပြိုကျမှုမှာလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အစ္စလာမ်ဘာသာဝင်တွေဆီကနေ သိရပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ဟာ သောကြာနေ့ဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဗလီတက်ဝတ်ပြုချိန်နဲ့တိုက်ဆိုင်ပြီး ဗလီတွေပြိုကျကာ လူထိခိုက်သေဆုံးမှုများပြားခဲ့တာပါ။ ဒါ့အပြင် တန်ခူးလကွယ်ဥပုသ်နေ့လည်း တိုက်ဆိုင်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေလည်း ဘုရားတွေမှာ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဆည်မြို့ အနီးဗဟိုပြု၍ ယ​နေ့ (ဧပြီ ၄)ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိအင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မြို့ကြီးတွေမှာ ငလျင်ဘေးအလှူခံနေတဲ့လူငယ်တွေကို ထောက်ခံစာမပါလို့ဆိုပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်‌ရေးမှူးနဲ့ ရဲတွေက ဖမ်းဆီးနေတယ်လို့ လူငယ်တွေဆီက ပြောပါတယ်။

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်​နေ့အထိ့ ​၇ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Facebook