ဧပြီ ၄၊ ၂၀၂၅။ရဲခေါင်/eople’s Spring
စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း ကရင်နီပြည်နယ်ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှလက်နက်ကြီးဖြင့် ပစ်ခတ်၍ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(ဧပြီ ၃ ရက်)ညနေပိုင်းက ဘောလခဲမြို့နယ်၊ထူးချောင်းဂိတ်အနီးဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခဲ့ပြီး ယနေ့(ဧပြီ ၄ ရက်) နေ့လည် ၁၂နာရီခန့်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။
“ပေါင် ၃၀၀ နှစ်လုံးနဲ့ ကြဲသွားတာ။ညနေ ၄ နာရီမှာ။ ရဲဘော်တစ်ဦးကျတယ်။သုံးဦးဒဏ်ရာရတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က စစ်ကောင်စီ၏ ဘောလခဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှင်းပြသည်။

Public Service Announcement
ခမရ(၄၂၂)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ပီကင်းကောခူကျေးရွာတွင်း ကျရောက်ပြီး ပြည်သူတစ်ဦး ထိမှန် သေဆုံးကာ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ဖော်ပြသည်။
“ပီကင်းကောခူရွာက မိုးဗြဲ နဲ့လွိုင်ကော် လမ်းပိုင်းပေါ်မှာ ရှိတယ်။ဆုံးသွားတာ အသက် ၅၀ဝန်းကျင် အမျိုးသားကြီး တစ်ဦးပါ။ဘာတိုက်ပွဲမှ မရှိဘူး။ဒီအတိုင်း စကစက မနက်အစောကတည်းက ရမ်းပစ်နေတာ”ဟု ကရင်နီ ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ယနေ့(ဧပြီ ၄ ရက်)တွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်အချို့ ကရင်နီပြည်နယ် တွင် ပျံဝဲလျက်ရှိကြောင်းလည်း ကရင်နီပြည်နယ်ရှိ မြေပြင်ရဲဘော်တစ်ဦးက အသိပေးသည်။
“ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေက ပြည်သူအပေါ် မျက်နှာမူတဲ့အတွက် စစ်ရေးလှုပ်ရှားမှု မရှိဘူး။ပြောတဲ့အတိုင်းပဲ နားထားမယ်ဆိုနားတယ်။ကတိ ကဝတ်တည်စေတယ်။အခု လို ခွေး တွေက ခွေးကျင့် ကြံတဲ့အတွက်တော့ ယုံနေလို့မရဘူး။အမြဲ သတိပိုကပ်ထားရတယ်”ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေက ပြည်သူ အပေါ် မျက်နှာမူတဲ့အတွက် စစ်ရေးလှုပ်ရှားမှု မရှိဘူး။ပြောတဲ့အတိုင်းပဲ နားထားမယ်ဆိုနားတယ်။ကတိ ကဝတ်တည်စေတယ်။အခု လို ခွေး တွေက ခွေးကျင့် ကြံတဲ့အတွက် တော့ ယုံနေလို့မရဘူး။အမြဲ သတိပိုကပ် ထားရတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ဟု ကြေညာချက်သည် နိုင်ငံတကာနှင့်ပြည်သူလူထုအပေါ်လိမ်ညာလှည့်ဖြားခြင်းသာဖြစ်ပြီး နေ့စဥ်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုင်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။
“ဘောလခဲအပြင် မိုးဗြဲနဲ့လွိုင်ကော်ကြားက နေရာတချို့ကို လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်လက်လုပ်နေသည့် အတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ် ငန်းများအပေါ် ချိန်ညှိ၍ ကရင်နီတပ်ပေါင်းစုံ ထိန်းချုပ်ထားသည့် ဒေသနှင့် ပြည်သူများအပေါ် စစ်ကောင်စီမှ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်လာသည့် အခြေအနေပေါ်မူတည်၍ စစ်ဆင်ရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ဧပြီ၂ ရက်တွင် ထုတ်ပြန်ထားသည်။
ဧပြီ ၂ ရက်ကစ၍ အပစ်ရပ်ကြောင်းကြေညာသည့် စစ်ကောင်စီသည် ယမန်နေ့တွင် တအာင်းတပ်မတော်(TNLA)နယ်မြေသာမက ကချင်ပြည်နယ်၊ ဝိုင်းမော်၊ ဗန်းမော်၊ စစ်ကိုင်းတိုင်း၊ဟုမ္မလင်း၊ ကနီမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အသိပေးသည်။
စစ်ကောင်စီ၏ အပစ်ရပ်သည်ဟူသောကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီက ၎င်းတို့ကြေညာချက်ကို ကိုယ်တိုင်စည်းဖောက်ပြီး ထိုးစစ်ဆင်ခြင်း လေကြောင်းတိုက်ခိုက်နေသည်ဟု ဧပြီ၃ရက်တွင် ပြောထားသည်။
