close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မိုးဗြဲတွင် အရပ်သားခြောက်ဦး သေဆုံး

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း တွေ့ရသော မိုးဗြဲ PDFမှ ရဲဘော်များနှင့် ဗုံးကြဲခံရသည့် ပီကင်းကောခူကျေးရွာ နေအိမ်အချို့။ ဓာတ်ပုံ - MBPDF၊CJ

ဧပြီ ၄၊၂၀၂၅။ ရဲခေါင်/People’s Spring

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

ယနေ့(ဧပြီ ၄ ရက်)တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်း- ကရင်နီပြည်နယ်အစပ်၊မိုးဗြဲမြို့နယ် မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ ပီကင်းကောခူကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မွန်းလွှဲ ၁၂နာရီခန့်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်ရင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကာ နေ့လည် ၃နာရီခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ငါးဦးအထိ သေဆုံးခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လူနေအိမ်ပေါ်ကို တည့်တည့်ကြဲသွားတာ။ဒဏ်ရာ ရတဲ့သူတွေလည်းရှိတယ်။ဒီနေ့ ည ၇ နာရီလောက်ကလည်း လက်နက်ကြီးနဲ့ကို စခဘက်က ထပ်ပစ် နေသေးတာ”ဟု မိုးဗြဲမြို့တွင်ရှိနေသူတစ်ဦးကလည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံများသေဆုံးမှုကို ရှင်းပြသည်။

ဧပြီ ၂ ရက်ကစ၍ စစ်ကောင်စီက ရက် ၂၀ကြာ ယာယီအပစ်ရပ်မည်ဟုကြေညာသော်လည်း ထိုနေ့၌ပင် ကရင်နီပြည်နယ်၊ဘောလခဲ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရဲဘော်တစ်ဦးနှင့် အရပ်သား သုံးဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ယနေ့(ဧပြီ ၄ရက်)တွင် တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၃ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ကနီမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ကာ တအာင်းတပ်မတော် (TNLA)နယ်မြေနှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် TNLAတို့က အသိပေးသည်။

စစ်ကောင်စီ၏ အပစ်ရပ်သည်ဟူသောကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီက ၎င်းတို့ကြေညာချက်ကို ကိုယ်တိုင်စည်းဖောက်ပြီး ထိုးစစ်ဆင်ခြင်း လေကြောင်း တိုက်ခိုက်ခြင်း လုပ်ဆောင်နေဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း ကရင်နီပြည်နယ်ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှလက်နက်ကြီးဖြင့် ပစ်ခတ်၍ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်သည့် ည၌ပင် လေကြောင်းတိုက်ခိုက် ပြီး တိုက်ပွဲဖော်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက်မှုရှိခဲ့ပြီး နေအိမ်နှင့် ရုံးအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Facebook